Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 9:54

Judson Bible

သူ​သည် လက်​နက်​ကိုင်​လု​လင်​ကို အ​လျင်​အ​မြန်​ခေါ်၍ မိန်း​မ​သည် အ​ဘိ​မ​လက်​ကို သတ်​သည်​ဟု ပြော​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ၊ သင့်​ဓား​ကို​ထုတ်၍ ငါ့​ကို​သတ်​လော့​ဟု ဆို​သည်​အ​တိုင်း၊ လု​လင်​သည်​ထိုး၍ အ​ဘိ​မ​လက် သေ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

လဲ​သော​နောက် အ​သက်​မ​ရှင်​နိုင်​သည်​ကို ကျွန်​တော်​သိ​လျှင် သူ့​ထံ​သို့​သွား၍ သတ်​ပါ၏။ ခေါင်း​တော်၌​ဆောင်း​သော ဦး​ရစ်​နှင့် လက်​ရုံး​တော်၌​ဝတ်​သော လက်​ကောက်​ကို ချွတ်​ယူ​ပြီး​လျှင်၊ ကျွန်​တော်​သ​ခင့်​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​သည်​ဟု လျှောက်​လေ၏။

ရှော​လု​သည် နောက်​တော်​သို့ ကြည့်​သ​ဖြင့် ကျွန်​တော်​ကို​မြင်၍ ခေါ်​ပါ၏။

ရှော​လု​က​လည်း၊ ငါ့​ထံ​သို့​လာ၍ ငါ့​ကို​သတ်​ပါ​တော့။ ငါ့​အ​သက်​မ​သေ​နိုင်​သော​ကြောင့် ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို ခံ​ရ၏​ဟု​ဆို​သည်​အ​တိုင်း၊

အ​မ္မုန်​အ​မျိုး ဇေ​လက်၊ ဇေ​ရု​ယာ၏​သား ယွာ​ဘ၏​လက်​နက်​ဆောင်​လု​လင် ဗေ​ရော​သိ​အ​မျိုး န​ဟာ​ရဲ၊

လက်​နက်​ဆောင်​လု​လင်​ကို ခေါ်​ပြီး​လျှင်၊ သင့်​ဓား​ကို​ထုတ်၍ ငါ့​ကို​ထိုး​လော့။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​သည် လာ၍၊ ငါ့​ကို​မ​ရို​မ​သေ ညှဉ်း​ဆဲ​ကြ​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ လက်​နက်​ဆောင်​လု​လင်​သည် အ​လွန်​ကြောက်၍ မ​ပြု​ဘဲ​နေ​သော​ကြောင့်၊ ရှော​လု​သည် ထို​ဓား​ကို​ယူ၍ ထောင်​ပြီး​လျှင်၊ ဓား​ဖျား​ပေါ်​မှာ​လှဲ၍​သေ၏။

ရှော​လု​သေ​သည်​ကို လက်​နက်​ဆောင်​လု​လင်​မြင်​လျှင်၊ သူ​သည်​လည်း ထို​ဓား​ကို​ထောင်၍ ဓား​ဖျား​ပေါ်​မှာ​လှဲ၍​သေ၏။

အ​မ္မုန်​အ​မျိုး ဇေ​လက်၊ ဇေ​ရု​ယာ​သား ယွာ​ဘ၏ လက်​နက်​ဆောင်​လု​လင်၊ ဗေ​ရော​သိ​အ​မျိုး န​ဟာ​ရဲ၊

ဒေ​ဗော​ရ​က၊ ငါ​သည် သင်​နှင့်​အ​တူ အ​မှန်​သွား​မည်။ သို့​သော်​လည်း သင်​သွား​ရာ​လမ်း၌ ဂုဏ်​အ​သ​ရေ​ကို မ​ရ​ရာ။ ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို မိန်း​မ၌ ရောင်း​တော်​မူ​မည်​ဟု​ဆို​ပြီး​မှ ထ၍ ဗာ​ရက်​နှင့်​အ​တူ ကေ​ဒေ​ရှ​မြို့​သို့ သွား​လေ၏။

အ​ဘိ​မ​လက်​သေ​ကြောင်း​ကို ဣ​သ​ရေ​လ​လူ​တို့​သည် သိ​မြင်​လျှင်၊ အ​သီး​အ​သီး မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။

တပ်​သား​တို့​က၊ လာ​ကြ။ တစ်​စုံ​တစ်​ခု​ကို ပြ​မည်​ဟု ယော​န​သန်​နှင့် လက်​နက်​ဆောင်​လု​လင်​အား​ဆို​လျှင်၊ ယော​န​သန်​က၊ ငါ့​နောက်​သို့ လိုက်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​ဟု လု​လင်​အား​ဆို​သ​ဖြင့်၊

လေး​ဘက်​တွား​လျက် တက်၍၊ လု​လင်​လည်း​လိုက်၏။ ယော​န​သန်​ရှေ့​မှာ ဖိ​လိ​တ္တိ​လူ​တို့​သည် လဲ၍ လု​လင်​သည် သူ့​သ​ခင့်​နောက်​မှာ လုပ်​ကြံ​လေ၏။

ယော​န​သန်​နှင့် လု​လင်​ပြု​သော ပ​ထ​မ​လုပ်​ကြံ​ခြင်း​အား​ဖြင့် နွား​တစ်​ရှဉ်း​ထွန်​နိုင်​သော မြေ​ကွက်​အ​တွင်း​တွင် လူ​နှစ်​ဆယ်​ခန့်​မျှ သေ​ကြ၏။

ရှော​လု​က​လည်း၊ အ​ဘယ်​သူ​ထွက်​သွား​သည်​ကို သိ​ခြင်း​ငှာ လူ​များ​ကို​ရေ​တွက်​ကြ​လော့​ဟု အ​ထံ​တော်၌ ရှိ​သော​သူ​တို့​အား စီ​ရင်​သည်​အ​တိုင်း ရေ​တွက်၍၊ ယော​န​သန်​နှင့် သူ၏​လက်​နက်​ဆောင်​လု​လင် မ​ရှိ။

လု​လင်​က၊ စိတ်​တော်​ရှိ​သည်​အ​တိုင်း​ပြု​ပါ။ လှည့်​သွား​ပါ။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​လိုက်​ပါ​မည်​ဟု ပြန်​ပြော​သော်၊

ဒါ​ဝိဒ်​သည် ရှော​လု​ထံ​သို့​ရောက်၍​ခ​စား​သ​ဖြင့်၊ ရှော​လု​သည် အ​လွန်​ချစ်၍ လက်​နက်​တော်​ဆောင်​အ​ရာ၌ ခန့်​ထား၏။

ထို​သို့​ရှော​လု​မှ​စ၍ သူ၏​သား​သုံး​ယောက်၊ သူ၏​လက်​နက်​ဆောင်​လု​လင်၊ သူ၏​လူ​အ​ပေါင်း​တို့​သည် ထို​နေ့​ချင်း​တွင် အ​တူ​သေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ