ဣသရေလအမျိုးသည် လယ်လုပ်ပြီးမှ၊ မိဒျန်ပြည်သားနှင့် အာမလက်ပြည်သား အစရှိသော အရှေ့ပြည်သားတို့သည် ချီလာ၍၊
မယားငယ်တို့၌ရသောသားတို့အားလည်း၊ မိမိအသက်ရှင်စဉ်တွင် ဆုလာဘ်များကိုဝေပေး၍၊ သားဣဇာက်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
တစ်ဖန်ယာကုပ်သည် ခရီးသွား၍၊ အရှေ့ပြည်သားတို့နေရာအရပ်သို့ ရောက်ပြီးလျှင်၊
ဣသရေလအမျိုးသားတို့သည်စာရင်းဝင်၍ ရိက္ခာကိုပြင်ဆင်ပြီးမှ စစ်ချီကြ၏။ ရှုရိလူတို့သည် တစ်ပြည်လုံးအနှံ့အပြားနေလျက်၊ သူတို့ရှေ့မှာ ဣသရေလလူတို့သည် ငယ်သောဆိတ်သငယ်နှစ်စုကဲ့သို့ တပ်ချကြ၏။
ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သားပညာကိုလွန်ကဲ၏။
ထိုသို့ဟိရံသည် ရှောလမုန် အလိုရှိသမျှသော အာရဇ်သစ်သား၊ ထင်းရှူးသစ်သားကို ပေး၏။
သူ၏ဥစ္စာကား၊ သိုး ခုနစ်ထောင်၊ ကုလားအုတ် သုံးထောင်၊ နွားယှဉ် ငါးရာ၊ မြည်းမ ငါးရာ၊ ငယ်သားအတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာ အရပ်သားတကာတို့ထက် သာ၍ကြီးသောသူ ဖြစ်၏။
ငါကြဲသော မျိုးစေ့၏အသီးအနှံကို သူတစ်ပါးစားပါစေ။ ငါ့ပျိုးပင်များကို သူတစ်ပါးနုတ်ပါစေ။
ထိုအခါ အာမလက်လူတို့သည်လာ၍၊ ရေဖိဒိမ်အရပ်၌ ဣသရေလလူတို့ကို စစ်တိုက်ကြ၏။
သူတို့သည် အနောက်ဘက်၌ ဖိလိတ္တိလူများကို လိုက်၍ တိုက်ကြလိမ့်မည်။ အရှေ့ပြည်သားတို့၏ဥစ္စာကို အတူလုယူကြလိမ့်မည်။ ဧဒုံအမျိုးနှင့် မောဘအမျိုးကိုလည်း လုပ်ကြံကြလိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် သူတို့၏အုပ်စိုးခြင်းကို ခံရကြလိမ့်မည်။
ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏စပါးနှင့် နောက်တစ်ဖန် ငါမကျွေး။ သင်သည် ကြိုးစား၍လုပ်သော စပျစ်ရည်ကို တစ်ပါးအမျိုးသားတို့သည် မသောက်ရကြ။
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလုပ်ကြံသော ကေဒါပြည်နှင့် ဟာဇော်နိုင်ငံတို့ကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထကြလော့။ ကေဒါပြည်သို့သွား၍၊ အရှေ့မျက်နှာအရပ်သားတို့ကို လုယူကြလော့။
ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရှုတ်ချလျက်ရှိသော ငါ၏သန့်ရှင်းရာဌာနကိုလည်းကောင်း၊ လူဆိတ်ညံခြင်းသို့ရောက်သော ဣသရေလပြည်ကိုလည်းကောင်း၊ အေ့ဟေဟု သင်ဆိုမိသောကြောင့်၊
သင့်ကို အရှေ့ပြည်သားတို့အား ငါအပိုင်ပေးမည်။ သူတို့သည် သင်၏အထဲ၌ ဘုံဗိမာန်တို့ကို တည်ဆောက်၍ နေရာကျကြလိမ့်မည်။ သင်၏အသီးအနှံကိုစား၍ သင်၏နို့ကိုသောက်ကြလိမ့်မည်။
သင်တို့၌ငါပြုလတ္တံ့သော အမှုဟူမူကား၊ သင်တို့၌မျက်စိပျက်လျက်၊ စိတ်ပူပန်လျက်ရှိစေခြင်းငှာ၊ ထိတ်လန့်သောသဘော၊ တူလာ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာငါခန့်ထားမည်။ သင်တို့သည် မျိုးစေ့ကိုကြဲသော်လည်း အကျိုးမရှိ။ ရန်သူတို့သည် အသီးအနှံကိုစားကြလိမ့်မည်။
မျိုးစေ့ကိုကြဲသော်လည်း၊ စပါးကို မရိတ်ရ။ သံလွင်သီးကို နယ်သော်လည်း၊ ဆီနှင့် ကိုယ်ကိုမလိမ်းရ။ စပျစ်သီးကို နယ်သော်လည်း၊ စပျစ်ရည်ကို မသောက်ရ။
သင်သည် မပျက်စီးမီတိုင်အောင်၊ ထိုရန်သူသည် သင်၏သိုးသငယ်၊ နွားသငယ်၊ မြေအသီးအနှံကို စားရလိမ့်မည်။ သင့်ကို မဖျက်ဆီးမီတိုင်အောင်၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးနွားအစီးအပွားကို သင့်အဖို့ မချန်မထားရ။
ဇိဒုန်လူ၊ အာမလက်လူ၊ မောနိလူတို့ ညှဉ်းဆဲသောအခါ၌လည်း၊ သင်တို့သည် ငါ့ကိုဟစ်ကြော်၍၊ သူတို့လက်မှ ငါကယ်နုတ်၏။
ထိုမင်းသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုဝေးစေလျက်ချီသွား၍၊ ဣသရေလလူတို့ကို လုပ်ကြံပြီးမှ၊ စွန်ပလွံမြို့ကို သိမ်းယူသဖြင့်၊
မိဒျန်အမျိုးသည် ဣသရေလအမျိုးကို နိုင်၍ ညှဉ်းဆဲသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် တောင်ရိုး၌ ခိုင်ခံ့သော ဥမင်မြေတွင်းတို့ကို လုပ်ရကြ၏။
ထိုအခါ မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် စည်းဝေးသဖြင့်၊ ယေဇရေလချိုင့်သို့ ကူးသွား၍ တပ်ချကြ၏။
တပ်ချသဖြင့်၊ ဂါဇမြို့တိုင်အောင် မြေအသီးအနှံကို သုတ်သင်ပယ်ရှင်းလျက် စားစရာကို ချန်၍မထား။ သိုးနွားမြည်းကိုလည်း ချန်၍မထားကြ။
မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်၌အိပ်လျက်၊ ကျိုင်းကောင်နှင့်အမျှ များကြ၏။ ကုလားအုတ်တို့သည်လည်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ အတိုင်းမသိများကြ၏။
ထိုအခါ ဓားကိုင်သော လူတစ်သိန်းနှစ်သောင်း သေသောကြောင့်၊ အရှေ့မျက်နှာအရပ်သားအပေါင်းတို့တွင် ကျန်ကြွင်းသော လူတစ်သောင်းငါးထောင်ခန့်မျှသာ ပါလျက်၊ ဇေဘဟနှင့် ဇာလမုန္နတို့သည် ကာကော်မြို့၌ ရှိကြ၏။