Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 6:2

Judson Bible

မိ​ဒျန်​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နိုင်၍ ညှဉ်း​ဆဲ​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တောင်​ရိုး၌ ခိုင်​ခံ့​သော ဥ​မင်​မြေ​တွင်း​တို့​ကို လုပ်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကြောက်​မက်​ဖွယ်​သော တောင်​ကြား၊ မြေ​တွင်း၊ ကျောက်​ခေါင်း၌ နေ​ကြ၏။

ဣ​ရှ​မေ​လ​သည် ဂေ​ဒ​လိ​နှင့်​အ​တူ သတ်​သော​သူ အ​သေ​ကောင်​များ​ကို ပစ်​ချ​သော​တွင်း​သည် အ​ခြား​တွင်း​မ​ဟုတ်၊ အာ​သ​မင်း​ကြီး​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဗာ​ရှာ​ကို ကြောက်၍​တူး​သော​တွင်း ဖြစ်​သ​တည်း။ ထို​တွင်း​ကို နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည် အ​သေ​ကောင်​များ​နှင့် ပြည့်​စေ၏။

မော​ဘ​ပြည်၌​နေ​သော သူ​တို့၊ မြို့​တို့​ကို​စွန့်၍ ကျောက်​ကြား၌ နေ​ကြ​လော့။ မြေ​တွင်း​ဝ​နား​မှာ အ​သိုက်​လုပ်​တတ်​သော ချိုး​ငှက်​ကဲ့​သို့ ပြု​ကြ​လော့။

သင်​တို့​ကို ငါ​မျက်​နှာ​ထား၍၊ ရန်​သူ​ရှေ့​မှာ​ဆုံး​စေ​မည်။ သင်​တို့​သည် ရန်​သူ၏ အုပ်​စိုး​ခြင်း​ကို​ခံ​ရ၍၊ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း၊ ပြေး​ကြ​လိမ့်​မည်။

ဤ​လော​က​သည် ထို​သူ​တို့​နှင့် မ​ထိုက်​မ​တန်။ သူ​တို့​သည် တော​ကြို​တောင်​ကြား၊ ဥ​မင်​မြေ​တွင်း​ထဲ​မှာ အ​ပြောင်း​ပြောင်း အ​လည်​လည် နေ​ရ​ကြ၏။-

လော​ကီ​ဘု​ရင်၊ မှူး​မတ်၊ စစ်​သူ​ကြီး၊ သူ​ဌေး၊ သူ​ကြွယ်၊ ခွန်​အား​ကြီး​သော​သူ​မှ​စ၍ ကျွန်​များ၊ လူ​လွတ်​များ အ​ပေါင်း​တို့​သည် မြေ​တွင်း၌​လည်း​ကောင်း၊ တောင်​ပေါ်​မှာ ရှိ​သော ကျောက်​များ၌​လည်း​ကောင်း၊ ပုန်း​ရှောင်​လျက်​နေ၍၊ ထို​တောင်​များ၊ ကျောက်​များ​တို့​ကို ခေါ်​လျက်၊-

ယော်​ဒန်​မြစ်​တစ်​ဖက် အာ​မော​ရိ​လူ​နေ​ရာ ဂိ​လဒ်​ပြည်၌​နေ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ထို​နှစ်​မှ​စ၍ တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ညှဉ်း​ဆဲ​ကြ၏။

အ​မ္မုန်​အ​မျိုး​သား​တို့​သည်​လည်း၊ ယော်​ဒန်​မြစ်​ကို​ကူး၍ ယု​ဒ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး၊ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​ကို တိုက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း​သို့ ရောက်​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သည် လယ်​လုပ်​ပြီး​မှ၊ မိ​ဒျန်​ပြည်​သား​နှင့် အာ​မ​လက်​ပြည်​သား အ​စ​ရှိ​သော အ​ရှေ့​ပြည်​သား​တို့​သည် ချီ​လာ၍၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​လွန်​ဆင်း​ရဲ​ခံ​ရ​သ​ဖြင့်၊ မိ​မိ​တို့​ကျဉ်း​မြောင်း​လျက်​ရှိ​သည်​ကို သိ​မြင်​သော​အ​ခါ၊ ဥ​မင်၊ တော​အုံ၊ ကျောက်​ကြား၊ တောင်​ထိပ်၊ မြေ​တွင်း​တို့၌ ပုန်း​ရှောင်၍​နေ​ကြ၏။

နှစ်​ယောက်​တို့​သည် ဖိ​လိ​တ္တိ​တပ်​သား​တို့​အား ကိုယ်​ကို​ပြ​သော​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​က၊ ဟေ​ဗြဲ​လူ​တို့​သည် ပုန်း​ရှောင်​ရာ​တွင်း​ထဲ​က ထွက်​လာ​ပါ​သည်​တ​ကား​ဟု​ဆို​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ