Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 3:3

Judson Bible

ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​အ​စ​ရှိ​သော ခါ​န​နိ​လူ​အ​မျိုး​မျိုး၊ ဇိ​ဒုန်​လူ၊ ဗာ​လ​ဟေ​ရ​မုန်​တောင်​မှ​စ၍ ဟာ​မတ်​လမ်း​ဝ​တိုင်​အောင် လေ​ဗ​နုန်​တောင်​ပေါ်​မှာ​နေ​သော ဟိ​ဝိ​လူ​တို့​သည် ကျန်​ကြွင်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

ဇာ​ဗု​လုန်​သည် ပင်လယ်ကမ်း​နား​မှာ​နေ၍၊ သင်္ဘော​ဆိပ်​ဖြစ်​လိမ့်​မည်။ သူ၏​နယ်​သည် ဇိ​ဒုန်​မြို့​တိုင်​အောင် ကျယ်​ဝန်း​လိမ့်​မည်။

တု​ရု​ရဲ​တိုက်​သို့​လည်း​ကောင်း၊ ဟိ​ဝိ​မြို့​များ၊ ခါ​နာ​နိ​မြို့​များ အ​လုံး​စုံ​တို့​သို့​လည်း​ကောင်း ရောက်၍၊ ယု​ဒ​ပြည်​တောင်​ပိုင်း၊ ဗေ​ရ​ရှေ​ဘ​မြို့၌ လက်​စ​သတ်​ကြ၏။

ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​နှစ်​လီ၊ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား အ​ကုန်​အ​စင်​မ​ဖျက်​ဆီး​နိုင်​သော​ကြောင့်၊

အ​နောက်​ဘက်၌ မ​ဟာ​ပင်​လယ်​သည် တောင်​ဘက်​မှ​စ၍၊ ဟာ​မတ်​မြို့ တစ်​ဖက်​တစ်​ချက်​တိုင်​အောင် ပိုင်း​ခြား​လျက်​ရှိ​ရ​မည်။ ဤ​ရွေ့​ကား၊ အ​နောက်​ဘက် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။

အာ​မ​လက်​အ​မျိုး​သား​တို့​သည် တောင်​ဘက်၌​လည်း​ကောင်း၊ ဟိ​တ္တိ​လူ၊ ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ​တို့​သည် တောင်​ရိုး​ပေါ်၌​လည်း​ကောင်း၊ ခါ​နာ​နိ​လူ​တို့​သည် ပင်​လယ်​နား ယော်​ဒန်​မြစ်​နား၌​လည်း​ကောင်း၊ နေ​ကြ​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။

ထို​တောင်​မှ ဟာ​မတ်​လမ်း​ဝ၊ ဇေ​ဒဒ်​ရွာ၊

လှည့်​လည်၍ ခ​ရီး​သွား​ကြ​လော့။ အာ​မော​ရိ​တောင်​သို့​လည်း​ကောင်း၊ ထို​တောင်​နှင့်​နီး​သော​အ​ရပ်၊ လွင်​ပြင်၊ တောင်​ရိုး၊ ချိုင့်၊ တောင်​မျက်​နှာ၊ ပင်​လယ်​နား​သို့​လည်း​ကောင်း၊ ခါ​နာန်​ပြည်၊ လေ​ဗ​နုန်​တောင်၊ ဥ​ဖ​ရတ်​မြစ်​ကြီး​တိုင်​အောင်​လည်း​ကောင်း သွား​ကြ​လော့။

ဟေ​ရ​မုန်​တောင်​ကို ဇိ​ဒုန်​လူ​တို့​သည် စိ​ရုန်​ဟူ၍​လည်း​ကောင်း၊ အာ​မော​ရိ​လူ​တို့​သည် ရှု​နိ​ရ​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​ကြ၏။

ဟိ​ဝိ​လူ၊ ဂိ​ဗောင်​မြို့​သား​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော မြို့​တစ်​မြို့​မျှ​မ​ရှိ။ အ​ခြား​သော​မြို့​ရှိ​သ​မျှ​တို့​ကို တိုက်၍ အ​နိုင်​သိမ်း​ယူ​ရ​ကြ၏။

အ​ရှေ့​အ​နောက်၌​နေ​သော ခါ​န​နိ​လူ၊ တောင်​ပေါ်​မှာ​နေ​သော အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ယေ​ဗု​သိ​လူ၊ မိ​ဇ​ပါ​ပြည်၊ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၌​နေ​သော ဟိ​ဝိ​လူ​တို့​ရှိ​ရာ​သို့​လည်း​ကောင်း​စေ​လွှတ်၍၊

အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ မြောက်​မျက်​နှာ၌ ဧ​ကြုန်​မြို့​နယ်​တိုင်​အောင်၊ ခါ​န​နိ​လူ​နေ​သော​ပြည်၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​တည်း​ဟူ​သော ဂါ​ဇ​သိ​လူ၊ အာ​ဇော​တိ​လူ၊ ဧ​ရှ​က​လော​နိ​လူ၊ ဂိ​တ္တိ​လူ၊ ဧ​ကြော​နိ​လူ​နှင့်​တ​ကွ၊ အာ​ဝိ​လူ​နေ​သော​ပြည်၊

နေ​ထွက်​ရာ​ဘက်၊ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၌ ဗာ​လ​ဂဒ်​မြို့​မှ​စ၍ ဟာ​မတ်​ပြည်​အ​ဝင်​တိုင်​အောင် ဂေ​ဗ​လ​ပြည်၊ လေ​ဗ​နုန်​ပြည် တစ်​လျှောက်​လုံး ကျန်​သ​တည်း။

ဟေ​ဗြုန်​မြို့၊ ရ​ဟော​ဘ​မြို့၊ ဟ​မ္မုန်​မြို့၊ ကာ​န​မြို့၊ ဇိ​ဒုန်​မြို့​ကြီး​တိုင်​အောင် ရောက်​ပြီး​လျှင်၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ သင်​တို့​သည် ငါ​တို့​အ​နား​မှာ​နေ​သည် မ​နေ​သည်​ကို မ​သိ​နိုင်။ အ​ဘယ်​သို့ မိတ်​သ​ဟာ​ယ​ဖွဲ့​နိုင်​သ​နည်း​ဟု ဟိ​ဝိ​လူ​တို့​အား​ဆို​ကြ​လျှင်၊

ဇိ​ဒုန်​လူ၊ အာ​မ​လက်​လူ၊ မော​နိ​လူ​တို့ ညှဉ်း​ဆဲ​သော​အ​ခါ၌​လည်း၊ သင်​တို့​သည် ငါ့​ကို​ဟစ်​ကြော်၍၊ သူ​တို့​လက်​မှ ငါ​ကယ်​နုတ်၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်၍ ဖိ​လိ​တ္တိ​လူ​တို့၌​လည်း​ကောင်း၊ အ​မ္မုန်​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ ရောင်း​တော်​မူ​သ​ဖြင့်၊

ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​အား​ဖြင့်၊ ရှံ​ဆုန်​သည် ဖိ​လိ​တ္တိ​လူ​တို့၌ အ​မှု​ရှာ​ကြောင်း​ကို မိ​ဘ​တို့​သည် မ​ရိပ်​မိ​ကြ။ ထို​ကာ​လ၌ ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​သ​တည်း။

ထို​လူ​ငါး​ယောက်​တို့​သည် ထွက်​သွား၍ လဲ​ရှ​မြို့​သို့ ရောက်​သ​ဖြင့်၊ မြို့​သား​တို့​သည် ဇိ​ဒုန်​အ​မျိုး​သား​တို့ သ​တိ​မ​ရှိ​သ​ကဲ့​သို့ သ​တိ​မ​ရှိ၊ မ​စိုး​ရိမ်​ဘဲ ငြိမ်​ဝပ်​စွာ နေ​ကြောင်း​ကို​လည်း​ကောင်း၊ ဆုံး​မ​ပိုင်​သော​မင်း​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ဇိ​ဒုန်​အ​မျိုး​သား​တို့​နှင့်​ဝေး၍ အ​ဘယ်​သူ​နှင့်​မျှ အ​မှု​မ​ဆိုင်​ကြောင်း​ကို​လည်း​ကောင်း​ကြည့်​ရှု​ပြီး​မှ၊

ထာ​ဝ​ရ​ဘု​ရား​သည် ဟာ​ဇော်​မြို့၌ မင်း​ပြု​သော ခါ​နာန်​ရှင်​ဘု​ရင် ယာ​ဘိန်၌ ရောင်း​တော်​မူ၏။ သူ​ခန့်​ထား​သော ဗိုလ်​ချုပ်​မင်း​ကား၊ ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့၌ နေ​သော​သိ​သ​ရ​တည်း။

ဖိ​လိ​တ္တိ​လူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ၊ ရ​ထား​သုံး​သောင်း​နှင့် မြင်း​ခြောက်​ထောင်​ကို​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​ရှိ​သော​လူ​များ​ကို​လည်း​ကောင်း စု​ဝေး​စေ​ပြီး​လျှင်၊ စစ်​ချီ​ဗေ​သ​ဝင် မြို့​အ​ရှေ့၊ မိတ်​မတ်​မြို့၌ တပ်​ချ​ကြ၏။

ဖိ​လိ​တ္တိ​မင်း​တို့​သည် လူ​တစ်​ရာ​တပ်၊ တစ်​ထောင်​တပ်​အ​စဉ်​အ​တိုင်း ချီ​သွား​သ​ဖြင့်၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် နောက်​တပ်၌ အာ​ခိတ်​မင်း​နှင့်​အ​တူ လိုက်​ကြ၏။

ထို​အ​မှု​ကို ဖိ​လိ​တ္တိ​မင်း​ငါး​ယောက်​တို့​သည် မြင်​ပြီး​မှ၊ ထို​နေ့​ချင်း​တွင် ဧ​ကြုန်​မြို့​သို့ ပြန်​သွား​ကြ၏။

ရွှေ​ကြွက်​တို့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို တင်​ထား​သော ကျောက်​ကြီး​တိုင်​အောင် ခိုင်​ခံ့​သော​မြို့​ဖြစ်​စေ၊ တော​ရွာ​ဖြစ်​စေ၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​ဆိုင်​သ​မျှ​သော မြို့​ရွာ​အ​ရေ​အ​တွက်​အ​တိုင်း ဖြစ်​သ​တည်း။ ထို​ကျောက်​ကား ယ​နေ့​တိုင်​အောင် ဗက်​ရှေ​မက်​မြို့​သား ယော​ရှု၏​လယ်​ကွက်၌​ရှိ၏။

အ​ဘယ်​အ​ရာ​ကို ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ပြန်​ပေး​လိုက်​ရ​ပါ​မည်​နည်း​ဟု မေး​လျှင်၊ ဖိ​လိ​တ္တိ​မင်း အ​ရေ​အ​တွက်​အ​တိုင်း ရွှေ​မြင်း​သ​ရိုက်​ပုံ​ငါး​ခု​နှင့် ရွှေ​ကြွက်​ငါး​ကောင်​ကို​ပေး​လိုက်​ရ​မည်။ သင်​တို့​နှင့် သင်​တို့​မင်း​များ၌ ရော​ဂါ​တစ်​ပါး​တည်း စွဲ​လျက်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ