သူကြီး 3:1Judson Bibleခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလ အမျိုးသားအပေါင်းတို့ကို စုံစမ်းခြင်းငှာလည်းကောင်း၊ စစ်မှုကိုမသိသော ဣသရေလအမျိုးသား အစဉ်အဆက်တို့သည် စစ်အတတ်ကိုသင်၍ တတ်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများဟူမူကား၊ အခန်းကိုကြည့်ပါ။ |
ထိုတစ်စုကို မီးအလယ်သို့ ငါလျှောက်သွားစေမည်။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပတ္ထနာပြု၍ ငါနားထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။