Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 21:4

Judson Bible

နက်​ဖြန်​နံ​နက်​စော​စော လူ​များ​တို့​သည်​ထ​ပြီး​လျှင်၊ ယဇ်​ပ​လ္လင်​ကို​တည်၍ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​ချင်း​တွင် ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကြွ​ပါ။ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်​ဟု၊

ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​ပြည်​အ​ဖို့ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်၍ ကာ​လ​နာ​ဘေး​ကို ငြိမ်း​စေ​တော်​မူ၏။ ဓ​မ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​ပြီး၏။

ထို​နေ့၌​လည်း၊ ရှင်​ဘု​ရင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ရှေ့​မှာ​ရှိ​သော တံ​တိုင်း​အ​တွင်း​အ​ရပ်​ကို သန့်​ရှင်း​စေ၍၊ ထို​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို​ပူ​ဇော်၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို မ​ခံ​လောက်။

သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို ဝန်​မ​ချ။ ငါ့​မျက်​နှာ​ကို မ​ရှာ​မီ​တိုင်​အောင် ငါ​သည် ကိုယ်​နေ​ရာ​သို့ ပြန်​သွား၍ နေ​မည်။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​သည် ငါ့​ကို​ကြိုး​စား၍ ရှာ​ကြ​လိမ့်​မည်။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။

တဲ​တော်၌ ဝတ်​ပြု​သော​သူ​တို့ စား​ရ​သော အ​ခွင့်​မ​ရှိ​သော​ယဇ်​ပ​လ္လင်​သည် ငါ​တို့၌​ရှိ၏။-

ထို​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​အိမ်​တော်​သို့​သွား၍ ငို​ကြွေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ဝပ်​လျက်၊ တစ်​နေ့​လုံး ညဉ့်​ဦး​ယံ​တိုင်​အောင် အ​စာ​ကို​ရှောင်၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။

အို​ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် ယ​နေ့​တစ်​မျိုး ချို့​တဲ့​ရ​သော​အ​မှု​သည် အ​ဘယ်​ကြောင့် ဖြစ်​ရ​ပါ​သ​နည်း​ဟု လျှောက်​ဆို​ကြ၏။

ထို​အ​ရပ်၌ ဂိ​ဒေါင်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​ရှာ​လုံ​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ဗျေ​ဇာ​သား၏​နေ​ရာ ဩ​ဖ​ရ​ရွာ၌ ယ​နေ့​တိုင်​အောင်​ရှိ​သ​တည်း။

ငါ​စီ​ရင်​သည်​အ​တိုင်း၊ ဤ​ကျောက်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ခုတ်​လှဲ​သော​သစ်​သား​ဖြင့် ဒု​တိ​ယ​နွား​ကို မီး​ရှို့၍ ယဇ်​ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။

ပြန်​လာ​သော​အ​ခါ၊ မိ​မိ​အိမ်​ရှိ​သော ရာ​မ​မြို့​သို့ ပြန်​လာ၍ ထို​မြို့​မှာ​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ စီ​ရင်​ရန် အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လျက်​နေ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ