Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 21:5

Judson Bible

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​တွင် အ​ဘယ်​သူ​သည် ပ​ရိ​သတ်​အ​ပေါင်း​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သ​နည်း​ဟု မေး​ကြ၏။ အ​ကြောင်း​မူ​ကား၊ မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သော​သူ​သည် ဧ​ကန်​အ​မှန် အ​သေ​သတ်​ခြင်း​ကို​ခံ​စေ​ဟု ကြီး​စွာ​သော​ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို​ကြိုး​စား၍ မ​ဆောင်​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​စေ။ လူ​အ​သက်​ကို မ​သတ်​ဘဲ မိ​မိ​ဓား​ကို သိမ်း​ရုပ်​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​စေ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဘယ်​သူ​မျှ မိ​မိ​သ​မီး​ကို ဗင်္ယာ​မိန်​အ​မျိုး​သား၌ မ​ပေး​စား​ရ​မည်​အ​ကြောင်း၊ မိ​ဇ​ပါ​မြို့​မှာ ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။

သို့​သော်​လည်း အ​ကြင်​သူ​သည် ဗင်္ယာ​မိန်​လူ၌ သ​မီး​ကို​ပေး​စား၏။ ထို​သူ​သည် ကျိန်​အပ်​သော​သူ ဖြစ်​စေ​ဟု ဣ​သ​ရေ​လ​လူ​တို့​သည် ကျိန်​ဆို​ခြင်း​ကို ပြု​သော​ကြောင့် ငါ​တို့​သည် ကိုယ်​သ​မီး​တို့​ကို မ​ပေး​စား​ရ​ဟူ၍​လည်း​ကောင်း၊

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လည်း၊ ညီ​ဗင်္ယာ​မိန်​အ​တွက် နောင်​တ​ရ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် ယ​နေ့​တစ်​မျိုး​ဆုံး​ပြီ။

မေ​ရော​ဇ​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၊ စစ်​သူ​ရဲ​တို့​နှင့်​ဝိုင်း၍ ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့ မ​ကူ​ကြ​သော​ကြောင့်၊ မေ​ရော​ဇ​မြို့​ကို ကျိန်​ကြ​လော့။ မြို့​သား​တို့​ကို ပြင်း​စွာ ကျိန်​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မှာ​ထား၏။

နွား​တစ်​ရှဉ်း​ကို​ယူ၍ ခုတ်​ဖြတ်​ပြီး​မှ၊ သံ​တ​မန်​တို့​လက်​တွင် ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့ ပေး​လိုက်၍၊ ရှော​လု​နှင့် ရှ​မွေ​လ​နောက်​သို့ ထွက်၍​မ​လိုက်​သော​သူ၏​နွား​တို့​ကို ဤ​ကဲ့​သို့​ပြု​မည်​ဟု​ကြော်​ငြာ​စေ​သ​ဖြင့်၊ လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်၍ တ​ညီ​တ​ညွတ်​တည်း ထွက်​လာ​ကြ၏။

ထို​နေ့၌ ဣ​သ​ရေ​လ​လူ​တို့​သည် ဆင်း​ရဲ​ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ရှော​လု​က၊ ငါ​သည် ငါ့​ရန်​သူ​တို့၌ ငါ့​စိတ်​ပြေ​မည်​အ​ကြောင်း၊ ညဉ့်​ဦး​ချိန်​မ​ရောက်​မီ အ​စာ​စား​သော​သူ​တိုင်း ကျိန်​ဆဲ​အပ်​စေ​ဟု လူ​တို့​အား အ​ကျိန်​ပေး​သော​ကြောင့် အ​ဘယ်​သူ​မျှ အ​စာ​မ​စား​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ