Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 2:3

Judson Bible

တစ်​ဖန် ငါ​ဆို​သည်​ကား၊ ဤ​ပြည်​သား​တို့​ကို သင်​တို့​ရှေ့​မှ ငါ​မ​နှင်​ထုတ်။ သူ​တို့​သည် သင်​တို့​တစ်​ဖက်၌ မု​ဆိုး​လုပ်​လျက်၊ သူ​တို့​ဘု​ရား​တို့​သည်​လည်း သင်​တို့၌ ကျော့​ကွင်း​ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့၏​ရုပ်​တု​များ​ကို​ဝတ်​ပြု၍ ကျော့​ကွင်း၌ ကျော့​မိ​ကြ၏။

သင်​သည် ငါ့​ကို​ပြစ်​မှား​စေ​ခြင်း​ငှာ၊ သူ​တို့​သည်​ပြု​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​သည် သင့်​ပြည်၌​မ​နေ​ရ​ကြ။ သင်​သည် သူ​တို့​ဘု​ရား​ကို​ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း​အ​မှန် ဖြစ်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

သင်​သည် ယ​ခု​သွား​သော​ပြည်​သူ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သ​ဖြင့်၊ သင့်​အ​လယ်၌​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။

သင်​တို့​သည် ထို​ပြည်​သူ​ပြည်​သား​တို့​ကို အ​ကုန်​အ​စင်​မ​နှင်​ထုတ်​လျှင်၊ ကျန်​ကြွင်း​သော​သူ​တို့​သည် သင်​တို့​မျက်​စိ၌ အပ်​ဖျား​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​နံ​ဘေး၌ ဆူး​ကဲ့​သို့​လည်း​ကောင်း ဖြစ်၍၊ သင်​တို့​နေ​သော​ပြည်​မှာ သင်​တို့​ကို​နှောင့်​ယှက်​ကြ​လိမ့်​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အပ်​ပေး​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​ကို ဖျက်​ဆီး​ရ​မည်။ သင်၏​မျက်​စိ​သည် သူ​တို့​ကို​မ​သ​နား​ရ။ သူ​တို့​ဘု​ရား​အား ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နောက်​တစ်​ဖန် ဤ​လူ​မျိုး​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မ​မူ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ကောင်း​မွန်​သော​ဤ​ပြည်၌ သင်​တို့​သည် မ​ပျောက်​မ​ပျက်​မီ​တိုင်​အောင် သူ​တို့​သည် သင်​တို့၌​ကျော့​ကွင်း၊ ထောင်​ချောက်၊ သင်​တို့​နံ​စောင်၌ နှင်​တံ၊ သင်​တို့​မျက်​စိ၌ ဆူး​ဖြစ်​ကြ​လိမ့်​မည်​အ​ကြောင်း​ကို ဧ​ကန်​အ​မှန် သိ​မှတ်​ကြ​လော့။

ယော​ရှု​သေ​သော​နောက် ကျန်​ကြွင်း​ရစ်​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​ကို သူ​တို့​ရှေ့​မှ နောက်​တစ်​ဖန် ငါ​မ​နှင်​ထုတ်။

ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဤ​သို့​မိန့်​တော်​မူ​သော​အ​ခါ၊ လူ​များ​တို့​သည် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။

သူ​တို့​သ​မီး​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု​လျက်၊ မိ​မိ​တို့​သ​မီး​ကို​ပေး​စား​လျက်၊ သူ​တို့​ဘု​ရား​များ​ကို ဝတ်​ပြု​ကြ၏။

ထို​တန်​ဆာ​တို့​နှင့် ဂိ​ဒေါင်​သည် သင်​တိုင်း​တော်​ကို​လုပ်၍ မိ​မိ​နေ​ရာ ဩ​ဖ​ရ​မြို့​မှာ​ထား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သင်​တိုင်း​တော်​နှင့် မှား​ယွင်း​လျက်​သွား​တတ်​ကြ၏။ ထို​အ​မှု​သည် ဂိ​ဒေါင်​နှင့် သူ၏​အ​မျိုး​ပြစ်​မှား​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ