Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 2:4

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဤ​သို့​မိန့်​တော်​မူ​သော​အ​ခါ၊ လူ​များ​တို့​သည် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ဧ​ဇ​ရ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​ရှေ့​မှာ ပျပ်​ဝပ်​လျက်၊ မျက်​ရည်​ကျ​လျက် တောင်း​ပန်၍ ပ​တ္ထ​နာ​ပြု​သော​အ​ခါ၊ အ​လွန်​များ​စွာ​သော ပ​ရိ​သတ်၊ ဣ​သ​ရေ​လ​အ​မျိုး ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​တို့​သည် ဧ​ဇ​ရ​ထံ​မှာ စည်း​ဝေး၍ အ​လွန်​ငို​ကြွေး​ကြ၏။

မိုက်​သော​သူ​သည် ဒဏ်​ချက်​တစ်​ရာ​ကို အ​မှု​ထား​သည်​ထက်၊ ပ​ညာ​ရှိ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို သာ၍ အ​မှု​ထား​တတ်၏။

ငို​ကြွေး​လျက် လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​ရှိ​သော ထို​သူ​တို့​ကို ငါ​ပို့​ဆောင်​မည်။ မြစ်​နား​မှာ​လျှောက်​သော​လမ်း၊ ထိ​မိ၍ မ​လဲ​ရ​သော​လမ်း​ဖြောင့်​တို့၌ ငါ​သွေး​ဆောင်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ဘ​ဖြစ်၏။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ငါ၏ သား​ဦး​ဖြစ်၏။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​တွင် အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့်​တ​ကွ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ထံ​သို့ ပြန်​လာ​ကြ​လော့။

ကျေး​ဇူး​တော်​ကို ခံ​သော​သ​ဘော၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​သ​ဘော​ကို ဒါ​ဝိဒ်​မင်း​မျိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော ငါ့​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သား​အ​တွက် အ​ဘ​သည် ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ သား​ဦး​အ​တွက် အ​ဘ​သည် နာ​ကြည်း​ရ​ကြ​လိမ့်​မည်။

ယ​ခု​တွင် ငတ်​မွတ်​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။ ယ​ခု​တွင် ငို​ကြွေး​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ရယ်​ကြ​လ​တ္တံ့။ သူ​တစ်​ပါး​တို့​သည် လူ​သား​ကြောင့် သင်​တို့​ကို​မုန်း​သော​အ​ခါ၊-

နောက်​တော်၌ ခြေ​တော်​အ​နီး​မှာ​ရပ်​လျက် ငို​ကြွေး၍ ခြေ​တော်​ပေါ်​သို့ မျက်​ရည်​ကျ​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​လေ၏။ ခြေ​တော်​ကို​လည်း နမ်း၍ ဆီ​မွှေး​နှင့် လိမ်း​လျက်​နေ​လေ၏။-

အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​ညီ​သော ဝမ်း​နည်း​ခြင်း​သည် ကယ်​တင်​ခြင်း​နှင့်​ယှဉ်​သော နောင်​တ​စိတ် တည်း​ဟူ​သော၊ မ​ပြောင်း​လဲ​နိုင်​သော နောင်​တ​စိတ်​ကို ပြု​ပြင်​တတ်၏။ လော​ကီ ဝမ်း​နည်း​ခြင်း​မူ​ကား၊ သေ​ခြင်း​ကို​ပြု​ပြင်​တတ်၏။-

ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ စိတ်​မ​သာ​ညည်း​တွား​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​ကြ​လော့။ သင်​တို့​ရယ်​ခြင်း​ကို စိတ်​မ​သာ​ညည်း​တွား​ခြင်း ဖြစ်​စေ​ကြ​လော့။ ဝမ်း​မြောက်​ခြင်း​ကို​လည်း ဝမ်း​နည်း​ခြင်း​ဖြစ်​စေ​ကြ​လော့။-

တစ်​ဖန် ငါ​ဆို​သည်​ကား၊ ဤ​ပြည်​သား​တို့​ကို သင်​တို့​ရှေ့​မှ ငါ​မ​နှင်​ထုတ်။ သူ​တို့​သည် သင်​တို့​တစ်​ဖက်၌ မု​ဆိုး​လုပ်​လျက်၊ သူ​တို့​ဘု​ရား​တို့​သည်​လည်း သင်​တို့၌ ကျော့​ကွင်း​ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​အ​ရပ်​ကို ဗော​ခိမ်​အ​မည်​ဖြင့်​မှည့်၍ ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ကြ၏။

တ​မန်​တို့​သည် ရှော​လု​နေ​ရာ ဂိ​ဗာ​မြို့​သို့​လာ၍ လူ​များ​တို့​အား​သ​တင်း​ကြား​ပြော​သော်၊ လူ​အ​ပေါင်း​တို့​သည် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။

သူ​တို့​သည် မိ​ဇ​ပါ​မြို့၌ စည်း​ဝေး​သ​ဖြင့်၊ ရေ​ကို​ခပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း အ​ကျင့်​တို့​ကို​ကျင့်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု ဝန်​ခံ​ကြ၏။ ရှ​မွေ​လ​သည် မိ​ဇ​ပါ​မြို့၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တ​ရား​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ