ငါ့ဉာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံအတတ်များကိုဖော်တတ်၏။
ထိုဟိရံကား၊ နဿလိအမျိုးမုဆိုးမသားဖြစ်၏။ သူ၏အဘကား၊ တုရုအမျိုးသားပန်းတဉ်းသမားဖြစ်၏။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သောဉာဏ်ပညာနှင့်ပြည့်စုံသဖြင့်၊ ရှောလမုန်မင်းကြီးထံသို့လာ၍ အလုပ်ရှိသမျှကို ပြီးစီးစေ၏။
ထာဝရဘုရား၏အိမ်တော်တံတိုင်းများ၊ ပတ်လည်၌ ကာသောအခန်းများ၊ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာတိုက်များ၊ ပူဇော်သောအရာသိုထားရာ တိုက်များတို့၏ပုံကိုလည်းကောင်း၊ မိမိကြံစည်သမျှအတိုင်း၊ ဒါဝိဒ်သည် သားတော်ရှောလမုန်အား အပ်တော်မူ၏။
ထိုပုံများရှိသမျှတို့ကို ရေးထားသည်အတိုင်း၊ နားလည်နိုင်သော ဉာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ၏။
ယုဒလူတို့သည် ပြန်ကြည့်သောအခါ၊ စစ်မှုဝိုင်းမိသည်ကိုမြင်လျှင်၊ ထာဝရဘုရားအား ဟစ်ခေါ်၍၊ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်ကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်စီရင် ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။
တစ်ဖန်မောရှေက၊ နားထောင်ကြလော့။ ထာဝရဘုရားသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သားဗေဇလေလကိုအမည်ဖြင့် ခန့်ထားတော်မူပြီ။
ဉာဏ်တိမ်သောသူတို့၊ ပညာတရားကို နားလည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသောဉာဏ်ရှိကြလော့။
အကြောင်းမူကား၊ သူ၏ဘုရားသခင်သည် စီရင်တတ်သော ဉာဏ်ကိုပေးတော်မူ၏။ သူ့ကိုလည်း သွန်သင်တော်မူ၏။
ဘုရားသခင်၏ပညာနှင့် ဉာဏ် တော်သည် အလွန် ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။-
မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ ကြံစည်ခြင်းရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။-
အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊ ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်တို့သည်၊ ဘုရားသခင်၏ ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိရကြမည် အကြောင်းတည်း။-
ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။-