အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက်သာ၍မြတ်၏။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြပါ၏။
အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက်မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။
နှုတ်တော်ထွက် တရားတော်သည် ရွှေငွေအထောင်အသောင်းထက်မက၊ အကျွန်ုပ်၌ သာ၍ကောင်းပါ၏။
ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက်ချိုကြ၏။
ရွှေကိုရတတ်ခြင်းထက် ပညာကိုရတတ်ခြင်းသည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဉာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောနှုတ်မူကား၊ အလွန်အဖိုးထိုက်သော ရတနာဖြစ်၏။
သီလနှင့်ပြည့်စုံသော မိန်းမကို အဘယ်သူတွေ့ရသနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဖိုးသာ၍ ထိုက်ပေ၏။
ပညာသည် အမွေဥစ္စာကဲ့သို့ကောင်း၍၊ နေကိုမြင်သောသူတို့အား ကျေးဇူးပြုတတ်၏။
လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။-
တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက်မည်အကြောင်း၊ ပင်လယ်ကို အဘယ်သူကူး၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှာ၊ ပင်လယ်တစ်ဖက်၌ ရှိသည်မဟုတ်။