Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 7:1

Judson Bible

ငါ့​သား၊ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်၍၊ ငါ့​ပ​ညတ်​တို့​ကို သင်၌​သို​ထား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

နှုတ်​တော်​ထွက်​တ​ရား​ကို ခံ​ယူ၍ စ​ကား​တော်​ကို နှ​လုံး၌​သွင်း​ပါ​လော့။

ငါ့​သား၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်​လော့။ အ​မိ၏​တ​ရား​ကို​လည်း မ​ပယ်​နှင့်။

ပ​ညာ​ရှိ​သော​သူ​တို့​သည် ကြား​သိ​သော​အ​ရာ​ကို သိမ်း​ထား​တတ်၏။ မိုက်​သော​သူ၏​နှုတ်​မူ​ကား၊ အ​ကျိုး​နည်း​ခြင်း​နှင့် နီး​စပ်၏။

ငါ့​သား၊ ငါ​ပေး​သော​တ​ရား​ကို မ​မေ့​နှင့်။ ငါ့​ပ​ညတ်​တို့​ကို သင်၏​နှ​လုံး​စောင့်​ရှောက်​ပါ​စေ။

သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​နှင့်။ နှ​လုံး​တွင်း၌ စောင့်​ထား​လော့။

သူ၏​ခြေ​တို့​သည် သေ​ခြင်း​သို့​ဆင်း၍၊ သူ​သွား​ရာ​လမ်း​သည် မ​ရ​ဏ​နိုင်​ငံ​သို့ ရောက်​တတ်၏။

ငါ့​သား၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​လော့။ အ​မိ​ပေး​သော တ​ရား​ကို မ​ပယ်​နှင့်။

လျော်​ပြစ်​ငွေ​မည်​မျှ​ကို ပ​မာ​ဏ​မ​ပြု​တတ်။ များ​စွာ​သော​လက်​ဆောင်​တို့​ကို ပေး​သော်​လည်း စိတ်​မ​ပြေ​တတ်။

ကိုယ်​တော်​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ၍ ကျင့်​စောင့်​သော​သူ​သည် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ကောင်း​သော​မြေ၌ ရှိ​သော​သူ​ကား၊ ဖြောင့်​မတ်​စင်​ကြယ်​သော စိတ်​နှ​လုံး​နှင့် တ​ရား​စ​ကား​ကို​ကြား​လျှင်၊ စွဲ​လမ်း​သော​အား​ဖြင့် မြဲ​မြံ​စွာ အ​သီး​သီး​သော​သူ​ကို ဆို​လို​သ​တည်း။

ယေ​ရှု​က​လည်း၊ ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည် ထို​သူ​ကို ချစ်​တော်​မူ​သည်။ ငါ​တို့​သည်​လည်း၊ သူ့​ဆီ​သို့​ကြွ၍ နေ​ရာ​ချ​မည်။-

ကျွန်​သည် မိ​မိ​သ​ခင်​ထက်​သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်​ဟု ငါ​ပြော​ခဲ့​ပြီး​သော​စ​ကား​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​လျှင် သင်​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​နား​ထောင်​လျှင် သင်​တို့၏​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။-

သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို နား​မ​ထောင်၊ ယ​နေ့ ငါ​မှာ​ထား​သော​လမ်း​မှ လွှဲ​ရှောင်၍၊ မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​လျှင်​မူ​ကား ကျိန်​ခြင်း​ကို​ငါ​ထား၏။

ကာ​လ​အ​ချိန် ရောက်​လု​နီး​ပြီ​ဖြစ်၍၊ ဤ​အ​နာ​ဂ​တ္တိ​ကျမ်း​စ​ကား​ကို ကြည့်​ရှု​ဖတ်​ရွတ် နား​ထောင်၍၊ ရေး​ထား​သ​မျှ​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

သူ​က​လည်း၊ မ​ပြု​ပါ​နှင့်။ ငါ​ကား၊ သင်၏ လုပ်​ဖော်​ဆောင်​ဖက်​ဖြစ်၏။ သင်၏​အစ်​ကို ပ​ရော​ဖက်​တို့​နှင့် ဤ​စာ​စောင်၏​စ​ကား​ကို စောင့်​ရှောက်​သော​သူ​တို့၏ လုပ်​ဘော်​ဆောင်​ဘက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့​ဟု ပြော​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ