Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 6:35

Judson Bible

လျော်​ပြစ်​ငွေ​မည်​မျှ​ကို ပ​မာ​ဏ​မ​ပြု​တတ်။ များ​စွာ​သော​လက်​ဆောင်​တို့​ကို ပေး​သော်​လည်း စိတ်​မ​ပြေ​တတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ရှု​ရိ​ရှင်​ဘု​ရင်၏​ဗိုလ်​ချုပ်​မင်း​နေ​မန်​သည် မိ​မိ​သ​ခင်​ထံ​မှာ မျက်​နှာ​ရ​သော​သူ၊ ဘုန်း​ကြီး​သော​သူ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ရှု​ရိ​ပြည်​သည် ထို​သူ​အား​ဖြင့် အောင်​ရ​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ပြီ။ ထို​သူ​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဖြစ်၏။ သို့​ရာ​တွင် နူ​နာ​စွဲ၏။

ငါ​မူ​ကား၊ အ​ဘ၏​ရင်​နှစ်၊ အ​မိ​ရှေ့​မှာ​နူး​ညံ့၍ အ​ချစ်​ဆုံး​သော​သား​ဖြစ်၏။

အ​ကြောင်း​မူ​ကား၊ ယောက်ျား​သည် မ​ယား​ကို​မ​ယုံ​သော​စိတ်​ရှိ​လျှင်၊ ပြင်း​ထန်​စွာ အ​မျက်​ထွက်​တတ်၏။ အ​ပြစ်​ပေး​ချိန် ရောက်​သော​အ​ခါ သ​နား​ခြင်း​မ​ရှိ​တတ်။

ငါ့​သား၊ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်၍၊ ငါ့​ပ​ညတ်​တို့​ကို သင်၌​သို​ထား​လော့။

ထို​လူ​ပျို​ကို တွေ့​သော​အ​ခါ၊ ရဲ​သော​မျက်​နှာ​နှင့် ဖမ်း​ဖက်​နမ်း​ရှုပ်​လျက်၊

တောင်​ကြီး​မ​တည်၊ တောင်​ငယ်​မ​ဖြစ်​မီ၊

သို့​ရာ​တွင်၊ ရေ​များ​တို့​သည် မေ​တ္တာ​ကို မ​သတ်​နိုင်။ မြစ်​ရေ​တို့​သည် မ​လွှမ်း​မိုး​နိုင်။ လူ​သည် မိ​မိ​အိမ်၌ ရှိ​သ​မျှ​သော ပ​စ္စည်း​ဥ​စ္စာ​တို့​ကို မေ​တ္တာ​ဖို့​ပေး​ချင်​သော်​လည်း၊ အ​လွန်​တ​ရာ​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ကြည့်​ရှု​လော့။ ငွေ​ကို ပ​မာ​ဏ​မ​ပြု၊ ရွှေ​ကို အ​လို​မ​ရှိ​သော မေ​ဒိ​လူ​များ​ကို သူ​တို့​တစ်​ဖက်၌ ငါ​နှိုး​ဆော်​မည်။

ထို​ကြောင့်၊ ယုတ်​သော​သူ​လည်း ဦး​နှိမ့်​ခြင်း၊ မြတ်​သော​သူ​လည်း ရှုတ်​ချ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​ကို​လည်း ကိုယ်​တော်​သည် လွှတ်​တော်​မ​မူ​ရာ။

သို့​ဖြစ်၍၊ သင်​တို့​သည် ငါ့​လမ်း​တို့​ကို မ​လိုက်၊ တ​ရား​အ​မှု​တွင် လူ​မျက်​နှာ​ကို​ထောက်​သော​ကြောင့်၊ လူ​ခပ်​သိမ်း​တို့​သည် သင်​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ ရှုတ်​ချ​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ