ပညာကို ဆည်းပူးလော့။ ဉာဏ်ကို ဆည်းပူးလော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၍၊ လက်ယာဘက်လက်ဝဲဘက်သို့ မလွှဲ၊ အဘဒါဝိဒ်လိုက်သောလမ်းသို့ လိုက်လေ၏။
ခြေတော်ရာကို အစဉ်တစိုက်ငါလျှောက်သွား၍၊ ကြွတော်မူရာလမ်းကို မလွှဲမရှောင်လိုက်ပါ၏။
အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြုသောသူတို့သည် များကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့မှ လွှဲ၍မသွားပါ။
မာနကြီးသောသူတို့သည် အကျွန်ုပ်ကို အလွန်ကဲ့ရဲ့သော်လည်း၊ ကိုယ်တော်၏တရားလမ်းကို အကျွန်ုပ်မရှောင်ပါ။
စိတ်နှလုံးသည် နောက်သို့မဆုတ်၊ တရားတော်လမ်းမှလွှဲ၍ မသွားကြပါ။
ရွှေကိုရတတ်ခြင်းထက် ပညာကိုရတတ်ခြင်းသည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဉာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
မိုက်သောသူသည် ပညာကို အလိုမရှိသည်ဖြစ်၍၊ ပညာအဖိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။
သူတစ်ပါးများနှင့် မရောနှောသောသူသည် မိမိစေတနာအလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာအမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဉာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။
သမ္မာတရားကိုဝယ်လော့။ မရောင်းနှင့်။ ပညာကိုလည်းကောင်း၊ ဆုံးမဩဝါဒကိုလည်းကောင်း၊ ဉာဏ်သတ္တိကိုလည်းကောင်း ထိုအတူပြုလော့။
ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။
ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းပူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဉာဏ်ကိုဆည်းပူးလော့။
ဉာဏ်တိမ်သောသူတို့၊ ပညာတရားကို နားလည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသောဉာဏ်ရှိကြလော့။
သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။-