Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 4:4

Judson Bible

ငါ့​အ​ဘ​သွန်​သင်၍ မြွက်​ဆို​လေ​သည်​ကား၊ ငါ့​စ​ကား​ကို သင်၏​နှ​လုံး၌​သွင်း​မိ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​သ​ဖြင့် အ​သက်​ရှင်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။

သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​စဉ်​အ​မြဲ ဖြောင့်​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် အ​သက်​ရှင်​ပါ​မည်​အ​ကြောင်း၊ ဉာဏ်​ကို​ပေး​သ​နား​တော်​မူ​ပါ။

ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​တို့​နှင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ၏။ အ​ကျွန်ုပ်​အ​ကျင့်​ရှိ​သ​မျှ​တို့​သည် ရှေ့​တော်၌​ရှိ​ကြ​ပါ၏။

သူ​ငယ်​သွား​ရာ​လမ်း​ဝ၌ ဆုံး​မ​သွန်​သင်​လော့။ သို့​ပြု​လျှင် သူ​သည် အို​သော​အ​ခါ ထို​လမ်း​မှ​မ​လွှဲ၊ လိုက်​သွား​လိမ့်​မည်။

ငါ့​သား၊ သင့်​နှ​လုံး​ကို ငါ့​အား​ပေး​လော့။ သင့်​မျက်​စိ​တို့​သည် ငါ​သွား​သော​လမ်း​ကို ကြည့်​မှတ်​ပါ​စေ။

ငါ့​သား၊ ငါ​ပေး​သော​တ​ရား​ကို မ​မေ့​နှင့်။ ငါ့​ပ​ညတ်​တို့​ကို သင်၏​နှ​လုံး​စောင့်​ရှောက်​ပါ​စေ။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​သည် အ​သက်​တာ​ရှည်​သော ကာ​လ​နှစ်​ပေါင်း​များ​ကို​လည်း​ကောင်း၊ ငြိမ်​ဝပ်​ခြင်း​ကို​လည်း​ကောင်း တိုး​ပွား​စေ​လိမ့်​မည်။

ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်၍ အ​သက်​ရှင်​လော့။ ငါ​ပေး​သော​တ​ရား​ကို ကိုယ်​မျက်​ဆန်​ကဲ့​သို့​စောင့်​လော့။

နူး​ညွတ်​သော​နား​နှင့် ငါ့​ထံ​သို့ လာ​ကြ​လော့။ နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့၏​ဝိ​ညာဉ်​သည် အ​သက်​ရှင်​ရ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု၍၊ ဒါ​ဝိဒ်၌ မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား​ပေး​မည်။

ယေ​ရ​မိ​က၊ ကိုယ်​တော်​ကို မ​အပ်​ရ။ အ​ကျွန်ုပ်​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​တော်​မူ​ပါ။ ထို​သို့​ပြု​လျှင် ချမ်း​သာ​ရ၍ အ​သက်​ရှင်​တော်​မူ​မည်။

ထို​ကြောင့် ဟော​ပြော​သ​မျှ​တို့​ကို ခ​မည်း​တော်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ဟု ကြွေး​ကြော်၍​မိန့်​တော်​မူ၏။

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

သင်​တို့​သည်၊ ဟော​ရပ်​အ​ရပ်​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ​သော​အ​ခါ၊ ကိုယ်​တိုင်​မြင်​သော အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့။ နောက်​တစ်​သက်​လုံး နှ​လုံး​သွင်း​နိုင်​မည်​အ​ကြောင်း ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို​ကြိုး​စား၍ စောင့်​ရှောက်​ကြ​လော့။ ထို​အ​ရာ​တို့​ကို သား​မြေး​တို့​အား​လည်း သွန်​သင်​ကြ​လော့။

ယ​နေ့ ငါ​မှာ​ထား​သော​စ​ကား​ကို နှ​လုံး​သွင်း​ရ​မည်။

ထို​သို့ စုံ​လင်​ခြင်း​သို့​ရောက်​ပြီး​မှ၊ ယုံ​ကြည်​နား​ထောင်​သော သူ​အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြု​သော​သူ​ဖြစ်​တော်​မူ၍။-

မာ​နော်​က​လည်း၊ ကိုယ်​တော်၏​စ​ကား ပြည့်​စုံ​ပါ​စေ​သော။ သူ​ငယ်​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​လိမ့်​မည်​နည်း။ သူ၌ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု​မေး​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ