ဒုစရိုက်နှင့်ဆိုင်သော မုန့်ကိုစား၍ ညှဉ်းဆဲခြင်းနှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။
မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကိုကိုက်စား၍၊ ထာဝရဘုရားကိုပတ္ထနာမပြုသော အဓမ္မလူအပေါင်းတို့သည် မသိဘဲ နေရကြသလော။
လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သောသူမူကား၊ ညှဉ်းဆဲခြင်းအပြစ်၏ အသီးကိုစားရ၏။
လှည့်စား၍ရသော အစာသည် ချိုမြိန်သော်လည်း၊ စားသောသူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။
ခိုးသောရေသည်ချို၏။ တိတ်ဆိတ်စွာစားသောမုန့်လည်းမြိန်သည်ဟု ဆိုတတ်၏။
ဒုက္ခကို ဒုစရိုက်ဖြင့်ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကို ဆွဲငင်သောသူတို့သည် အမင်္ဂလာရှိကြ၏။
မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်းဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌ အမိုက်၊ အမိုက်အရာ၌ အလင်းကိုလည်းကောင်း၊ အချိုအရာ၌ အခါး၊ အခါးအရာ၌ အချိုကိုလည်းကောင်း၊ အလွဲယူတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
လူတိုင်း မိမိအပေါင်းအဖော်ကို သတိပြုလော့။ မိမိညီအစ်ကိုကို မယုံကြနှင့်။ ညီအစ်ကိုတိုင်း မိမိညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်းအဖော်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြလိမ့်မည်။
ငါ၏လူတို့ကိုမှားယွင်းစေလျက် ဝစွာစားရသောအခါ၊ ငြိမ်ဝပ်ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော်လျက်၊ မလုပ်ကျွေးသောသူကိုကား၊ စစ်တိုက်ခြင်းငှာ ပြင်ဆင်လျက်၊ ပရောဖက်ပြုသောသူတို့၊
မြို့သားသူဌေးတို့သည် အနိုင်အထက်ပြု၍ ရတတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသားကို သုံးတတ်ကြ၏။ သူတို့နှုတ်၌ ရှိသောလျှာသည် မုသားဖြစ်၏။
ဒုစရိုက်ကို ကြိုးစား၍ပြုခြင်းငှာ အသင့်ရှိကြ၏။ မင်းသည် လက်ဆောင်ကို တောင်းတတ်၏။ တရားသူကြီးသည် တံစိုးကို စားတတ်၏။ သူတစ်ပါးထက်ကြီးသောသူသည် မတရားသော လောဘကို ထင်ရှားစေတတ်၏။ ထိုသို့အမှုကို ရှုပ်စေခြင်းငှာ ပြုတတ်ကြ၏။
မြို့အလယ်၌ မင်းများတို့သည် ဟောက်သောခြင်္သေ့ဖြစ်ကြ၏။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှ မချန်မထား၊ ည၌ လှည့်လည်တတ်သော တောခွေးဖြစ်ကြ၏။
လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။