Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 4:16

Judson Bible

သူ​တို့​သည် သူ​တစ်​ပါး၌ အ​ပြစ်​မ​ပြု​ရ​လျှင် မ​အိပ်​တတ်။ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လဲ​စေ​လျှင် အိပ်၍​မ​ပျော်​တတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​ပြော​သော​စ​ကား​သည် အ​ဓ​မ္မ​စ​ကား၊ လှည့်​စား​သော​စ​ကား​ဖြစ်၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​တတ်​သော​ပ​ညာ​ကို စွန့်​လေ​ပြီ။

အိပ်​ရာ​ပေါ်​မှာ မ​ကောင်း​သော​အ​မှု​ကို ကြံ​စည်​တတ်၏။ မ​ကောင်း​သော​လမ်း​သို့ အ​မြဲ​လိုက်၍၊ ဆိုး​ယုတ်​သော​အ​ကျင့်​ကို ရွံ​ရှာ​ခြင်း​မ​ရှိ။

အ​ကြောင်း​မူ​ကား၊ သူ​တို့​ခြေ​သည် ဒု​စ​ရိုက်​ပြု​ရာ​သို့​ပြေး၍၊ လူ​အ​သက်​ကို သတ်​ခြင်း​ငှာ​လျင်​မြန်၏။

ဒု​စ​ရိုက်၌​မွေ့​လျော်၍ အ​ဓ​မ္မ​လူ၏​ကောက်​လိမ်​ခြင်း​ကို အား​ရ​နှစ်​သက်​သော​သူ၊

သူ​တို့​လမ်း​ကို ကြဉ်​ရှောင်​လော့။ လိုက်​မ​သွား​နှင့်။ လွှဲ၍​သွား​လော့။

မ​တ​ရား​သော​သူ​တို့​မူ​ကား၊ မ​ငြိမ်​နိုင်​ဘဲ​လှုပ်​ရှား၍၊ ရွှံ့​နှင့် အ​မှိုက်​ကို​ပက်​သော ပင်​လယ်​ရေ​နှင့် တူ​ကြ၏။

လူ​တိုင်း မိ​မိ​အ​ပေါင်း​အ​ဖော်​ကို သ​တိ​ပြု​လော့။ မိ​မိ​ညီ​အစ်​ကို​ကို မ​ယုံ​ကြ​နှင့်။ ညီ​အစ်​ကို​တိုင်း မိ​မိ​ညီ​အစ်​ကို​အ​ရာ​ကို ဆက်​ဆက်​လု​ယူ​မည်။ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် သူ့​အ​သ​ရေ​ကို ဖျက်​မြဲ​ဖျက်​ကြ​လိမ့်​မည်။

ဒု​စ​ရိုက်​ကို ပြု​ခြင်း​ငှာ အိပ်​ရာ​ပေါ်​မှာ မ​ကောင်း​သော အ​ကြံ​ကို​ကြံ၍၊ မိုး​လင်း​သော​အ​ခါ အ​ခွင့်​ရ​သည်​အ​တိုင်း ပြု​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

ဒု​စ​ရိုက်​ကို ကြိုး​စား၍​ပြု​ခြင်း​ငှာ အ​သင့်​ရှိ​ကြ၏။ မင်း​သည် လက်​ဆောင်​ကို တောင်း​တတ်၏။ တ​ရား​သူ​ကြီး​သည် တံ​စိုး​ကို စား​တတ်၏။ သူ​တစ်​ပါး​ထက်​ကြီး​သော​သူ​သည် မ​တ​ရား​သော လော​ဘ​ကို ထင်​ရှား​စေ​တတ်၏။ ထို​သို့​အ​မှု​ကို ရှုပ်​စေ​ခြင်း​ငှာ ပြု​တတ်​ကြ၏။

မိုး​လင်း​သော​အ​ခါ လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် စည်း​ဝေး၍ ကိုယ်​တော်​ကို လွှတ်​တော်​သို့ ဆောင်​သွား​ပြီး​လျှင်၊-

နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယေ​ရှု​ကို က​ယာ​ဖ​ထံ​မှ အိမ်​တော်​ဦး​သို့ ဆောင်​သွား​ကြ၏။ ထို​သူ​တို့​သည် အာ​ပတ်​နှင့်​ကင်း​လွတ်၍ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်​အ​ကြောင်း အိမ်​တော်​ဦး​ထဲ​သို့ ကိုယ်​တိုင်​မ​ဝင်​ကြ။-

စစ်​သူ​ကြီး​လု​သိ​သည် စစ်​သူ​ရဲ​များ​နှင့်​လာ၍ အ​ကျွန်ုပ်​တို့ လက်​မှ​နုတ်​ပြီး​လျှင်၊-

သူ​တို့​သည် သူ့​မ​ယား​ကို​ပြစ်​မှား​သော ကိ​လေ​သာ​နှင့် ပြည့်​စုံ​သော​မျက်​စိ​ရှိ၍၊ ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ မ​နေ​နိုင်​ကြ။ စိတ်​နှ​လုံး​မ​တည်​ကြည်​သော သူ​တို့​ကို အ​ပြစ်​သို့ သွေး​ဆောင်​တတ်​ကြ၏။ လော​ဘ​လွန်​ကျူး​ခြင်း၌ ကျင်​လည်၍၊ ကျိန်​တော်​မူ​ခြင်း၏​သား ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ