Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 30:9

Judson Bible

သို့​မ​ဟုတ်၊ အ​ကျွန်ုပ်​သည် ကြွယ်​ဝ၍၊ ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက်၊ ကိုယ်​တော်​ကို ငြင်း​ပယ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။ သို့​မ​ဟုတ်၊ ဆင်း​ရဲ၍ သူ့​ဥ​စ္စာ​ကို​ခိုး​သ​ဖြင့်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်​မတ်​သော​သူ​တို့​သည် ဒု​စ​ရိုက်​ကို ပြု​သော​အ​ခွင့် မ​ရှိ​စေ​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့၏​လှံ​တံ​သည် ဖြောင့်​မတ်​သော​သူ​တို့၏ အ​မွေ​ခံ​ရာ​အ​ဖို့​အ​ပေါ်​မှာ မ​တည်​မ​နေ​ရ။

သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မ​မြွက်​မ​ဆို​နှင့်။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​သော​သူ​ကို အ​ပြစ်​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မ​မူ။

ဖာ​ရော​မင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို​နား​ထောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ငါ​လွှတ်​စေ​ခြင်း​ငှာ ထို​ဘု​ရား​ကား အ​ဘယ်​သူ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​သိ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ငါ​မ​လွှတ်​ဟု ဆို​လေ၏။

သူ​ခိုး​ကို လက်​ခံ​သော​သူ​သည် မိ​မိ​အ​သက်​ကို မုန်း​တတ်၏။ ကျိန်​ဆို​ခြင်း​ကို ပြု​သော်​လည်း၊ အ​မှု​ကို မ​ဖော်​မ​ပြ​တတ်။

ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း၊ ငြင်း​ပယ်​ခြင်း​ကို​ပြု၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို စွန့်​ကြ​ပြီ။ ညှဉ်း​ဆဲ​သော​စ​ကား၊ ပုန်​ကန်​သော​စ​ကား​ကို ပြော​ခြင်း၊ မ​ဟုတ်​မ​မှန်​သော​စ​ကား​ကို အောက်​မေ့၍၊ စိတ်​နှ​လုံး​ထဲ​က မြွက်​ဆို​ခြင်း​ကို ပြု​ကြ​ပြီ။

ယ​ခု​ဖြစ်​သော အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင်​ခြင်​ကြ​လော့။ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ တော​ကဲ့​သို့​လည်း​ကောင်း၊ မှောင်​မိုက်​နိုင်​ငံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ဖူး​သ​လော။ ငါ၏​လူ​တို့​က၊ ငါ​တို့​သည် အ​ရပ်​ရပ်​သို့ လည်​မည်။ ကိုယ်​တော်​ထံ​သို့ နောက်​တစ်​ဖန် မ​ချဉ်း​ကပ်​ဟု အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။

သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​မ​ရှိ။ ငါ​တို့​အ​ပေါ်၌ ဘေး​ဥ​ပဒ် မ​ရောက်​ရ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ကို ငါ​တို့​သည် မ​တွေ့​ရ​ကြ။

သို့​ဖြစ်၍၊ သင်​သည် ငါ့​ကို​မေ့​လျော့၍၊ သင့်​ကျော​နောက်​သို့ ငါ့​ကို​ပစ်​လိုက်​သော​ကြောင့်၊ သင်​သည် အ​ဓ​မ္မ​အ​မှု​နှင့် မ​တ​ရား​သော မေ​ထုန်​အ​မှု၏​အ​ပြစ်​ကို​ခံ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ပေး​လို​သော သူ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုတ်​မာ​သော သူ​တို့​ကို ချီး​မြှောက်၍ နိုင်​ငံ​ကို​အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း သ​တ္တ​ဝါ​တို့ သိ​နား​လည်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ သစ်​ပင်​စောင့်​တို့​သည် ဤ​သို့​စီ​ရင်​ကြ​ပြီ။ သန့်​ရှင်း​သူ​တို့​သည် အ​မိန့်​တော်​ကို ပေး​ကြ​ပြီ​ဟု ဟစ်​ကြော်​လေ၏။

ဤ​မြို့​ကား၊ ငါ့​နိုင်​ငံ​တည်​ရာ၊ ငါ့​ရွှေ​ဘုန်း​တော်​ကို ချီး​မြှောက်​ရာ​ဖို့၊ ငါ့​တန်​ခိုး အာ​နု​ဘော်​အား​ဖြင့် ငါ​တည်​လုပ်​သော ဗာ​ဗု​လုန်​မြို့​ကြီး မ​ဟုတ်​လော​ဟု မြွက်​ဆို၏။

ဝ​သော​အ​ခါ ဝါ​ကြွား​သော​စိတ်​ရှိ၍ ငါ့​ကို မေ့​လျော့​ကြ၏။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​မှု​ကို​မြင်​သည်​ဖြစ်​စေ၊ သိ​သည်​ဖြစ်​စေ၊ ကျိန်​ဆို​စေ​သော​စ​ကား​ကို​ကြား၍၊ သက်​သေ​ဖြစ်​လျက်​နှင့် ပြန်​မ​ပြော​ဘဲ​နေ​သ​ဖြင့် ပြစ်​မှား၍၊ မိ​မိ​ဒု​စ​ရိုက်​အ​ပြစ်​ကို​ခံ​ရ​သော်​လည်း​ကောင်း၊

ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ကျိန်​ဆို​လျက် တစ်​ဖန် ငြင်း​ခုံ​ပြန်၏။-

ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို၏။ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။-

အ​ကြောင်း​မူ​ကား၊ သူ​တို့၏​ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို၍ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ သူ​တို့​ကို ငါ​ဆောင်​သွင်း​သ​ဖြင့် သူ​တို့​သည် ဝ​စွာ​စား​ရ၍ ဆူ​ဖြိုး​သော​အ​ခါ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ထံ​သို့​လွှဲ​သွား၍ ဝတ်​ပြု​ကြ​လိမ့်​မည်။ ငါ့​ကို​ပုန်​ကန်၍ ငါ့​ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​ကြ​လိမ့်​မည်။

သို့​ရာ​တွင်၊ ယေ​ရှု​ရုန်​သည် ဆူ​ဝ၍ ခြေ​နှင့်​ကန်​လေ၏။ ဆူ​ဝ​လျက်၊ တုတ်​လျက်၊ ဆီ​ဥ​နှင့်​ပြည့်​စုံ​လျက်​နေ​သ​ဖြင့်၊ ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို စွန့်၍၊ ကယ်​တင်​ရာ​ကျောက်​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။

ဤ​ကျောက်​သည် ငါ​တို့​အား​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သင်​တို့​အား သက်​သေ​ဖြစ်​ရ​လိမ့်​မည်​ဟု လူ​အ​ပေါင်း​တို့​အား​ပြော​ဆို​ပြီး​မှ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ