Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 30:10

Judson Bible

ကျွန်၏​အ​ကျိုး​ကို ဖျက်​ခြင်း​ငှာ သူ၏​သ​ခင်​ကို မ​ပြော​နှင့်။ ပြော​လျှင်​ကျွန်​သည် သင့်​ကို​ကျိန်​ဆဲ၍၊ သင်၌ အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။

စ​ပါး​ကို သို​ထား​သော​သူ​သည် လူ​များ​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ရောင်း​ချ​သော​သူ၏​ခေါင်း၌​မူ​ကား၊ ကောင်း​ချီး​မင်္ဂ​လာ ရှိ​လိမ့်​မည်။

ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​သော​သူ​သည် ကိုယ်​တိုင်​မ​ဆင်း​ရဲ​ရာ။ လွှဲ​ရှောင်​သော​သူ​မူ​ကား၊ များ​စွာ​သော​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

သူ​တစ်​ပါး​ပြော​သ​မျှ​သော စ​ကား​တို့​ကို​မ​မှတ်​နှင့်။ သို့​ပြု​လျှင်၊ ကိုယ်​ကျွန် ကျိန်​ဆဲ​သော​စ​ကား​ကို ကြား​လိမ့်​မည်။

မှူး​မတ်​အ​ရာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ ယု​ဒ​ပြည်​က​သိမ်း​ယူ​ခဲ့​သော ယု​ဒ​လူ​မျိုး​ဒံ​ယေ​လ​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု၊ တံ​ဆိပ်​ခတ်​တော်​မူ​သော အ​မိန့်​တော်​ကို ဆန့်​ကျင်​လျက်၊ တစ်​နေ့​သုံး​ကြိမ်​တိုင်​အောင် ဆု​တောင်း၍​နေ​ပါ​သည်​ဟု လျှောက်​ထား​ကြ၏။

ထို​နောက်၊ ဒံ​ယေ​လ၌ အ​ပြစ်​တင်​သော သူ​တို့​ကို ရှင်​ဘု​ရင်၏​အ​မိန့်​တော်​နှင့် ခေါ်၍၊ သား​မ​ယား​နှင့်​တ​ကွ ခြင်္သေ့​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​လျှင်၊ မြေ​သို့​မ​ရောက်​မီ ခြင်္သေ့​တို့​သည်​နိုင်၍ သူ​တို့ အ​ရိုး​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့​ကြ၏။

သူ​တစ်​ပါး​ပိုင်​သော လူ​ကို စစ်​ကြော​စီ​ရင်​သော သင်​သည် အ​ဘယ်​သူ​နည်း။ သူ​သည် မိ​မိ​သ​ခင်​စီ​ရင်​သော​အား​ဖြင့်​သာ အ​ပြစ်​လွတ်​ခြင်း၊ အ​ပြစ်​ခံ​ခြင်း​သို့ ရောက်​ရ၏။ သူ​သည် အ​ပြစ်​လွတ်​ခြင်း​သို့ ရောက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ၏​အ​ပြစ်​ကို​လွှတ်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။-

သင့်​စိတ်​နှ​လုံး၌ ဆိုး​ညစ်​သော​သ​ဘော​ရှိ၍၊ သ​တ္တ​မ​နှစ်​တည်း​ဟူ​သော လွှတ်​ရာ​နှစ်​နီး​ပြီ​ဟု အောက်​မေ့​လျက်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ ဘာ​မျှ​မ​ပေး​ဘဲ​နေ​လျှင် သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​သ​ဖြင့်၊ သင်၌​အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း သ​တိ​ပြု​လော့။

မိ​မိ​သ​ခင်​ထံ​က​ပြေး၍ သင့်​ထံ​သို့​ရောက်​သော ကျွန်​ကို သ​ခင်၌​မ​အပ်​ရ။

ဒါ​ဝိဒ်​သည် ကိုယ်​တော်၏​အ​ကျိုး​ကို ဖျက်​ခြင်း​ငှာ ရှာ​ကြံ​သည်​ဟု လူ​အ​ချို့​ပြော​သော​စ​ကား​ကို အ​ဘယ်​ကြောင့် နား​ထောင်​တော်​မူ​သ​နည်း။

ယ​ခု​မှာ ကျွန်​တော်​သ​ခင်​ရှင်​ဘု​ရင်၊ ကိုယ်​တော်​ကျွန်​စ​ကား​ကို နား​ညောင်း​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို ကျွန်​တော်​တစ်​ဖက်၌ နှိုး​ဆော်​တော်​မူ​သည် မှန်​လျှင်၊ ယဇ်​ပူ​ဇော်​ခြင်း​ကို​လက်​ခံ​တော်​မူ​ပါ​စေ​သော။ သို့​မ​ဟုတ် လူ​သား​တို့ နှိုး​ဆော်​သည်​မှန်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျိန်​ခြင်း​ကို ခံ​ကြ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ သူ​တို့​က သွား​တော့။ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို​ဝတ်​ပြု​တော့​ဟု ဆို​လျက် ကျွန်​တော်​ကို ထာ​ဝ​ရ​ဘု​ရား၏​အ​မွေ​တော်​မြေ၌ မ​နေ​စေ​ခြင်း​ငှာ ယ​နေ့​ပင် နှင်​ထုတ်​ကြ​ပါ​သည်​တ​ကား။

ဒါ​ဝိဒ်​က​လည်း၊ ထို​အ​လုံး​အ​ရင်း​ရှိ​ရာ​သို့ လမ်း​ပြ​နိုင်​သ​လော​ဟု မေး​လျှင် သူ​က၊ ကိုယ်​တော်​သည် ကျွန်​တော်​ကို မ​သတ်၊ သ​ခင့်​လက်​သို့ မ​အပ်​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို​တိုင်​တည်၍ ကျိန်​ဆို​ပါ​တော့။ သို့​ပြု​လျှင် ထို​အ​လုံး​အ​ရင်း​ရှိ​ရာ​သို့ လမ်း​ပြ​ပါ​မည်​ဟု ဆို​သည်​အ​တိုင်း၊ ဒါ​ဝိဒ်​သည် ကျိန်​ဆို​ခြင်း​ကို ပြု​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ