စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသားသုံးသောသူ ဖြစ်လိမ့်မည်။
ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်းပါ၏။ အကျွန်ုပ်မသေမီတိုင်အောင် ငြင်းတော်မမူပါနှင့်။
ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။-
ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်လော့။ ထပ်၍ မပိုရ၊ နုတ်၍ မလျော့စေရ။
သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊
ငါမှာထားသောစကား၌ သင်တို့သည် အသစ်မသွင်းရ။ အလျှင်းမနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်။