Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 30:5

Judson Bible

ဘု​ရား​သ​ခင်၏​စ​ကား​တော်​ရှိ​သ​မျှ​သည် စင်​ကြယ်၏။ ခို​လှုံ​သော​သူ​အ​ပေါင်း​တို့၌ ဘု​ရား​သ​ခင်​သည် အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် အာ​ဗြံ​သို့​ရောက်၍၊ အ​ချင်း​အာ​ဗြံ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင်၏​အ​ကွယ်​အ​ကာ​ဖြစ်၏။ သင်၏​အ​ကျိုး​သည်​အ​လွန်​ကြီး​လှ၏​ဟု မိန့်​တော်​မူ​လျှင်၊

ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော​သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။

နှုတ်​က​ပတ်​တော်​သည် အ​လွန်​စင်​ကြယ်​သည်​ဖြစ်၍၊ ကိုယ်​တော်၏​ကျွန်​သည် နှစ်​သက်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ချက်​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ၍ မြေ​နှင့်​ကင်း​စင်​စေ​ခြင်း​ငှာ၊ မိုက်၌​ခု​နစ်​ကြိမ်​စစ်​သော ငွေ​ကဲ့​သို့​ဖြစ်​ကြ၏။

ငါ့​ကို​သ​နား​သော​သူ၊ ငါ၏​မြို့​ရိုး၊ ငါ၏​ရဲ​တိုက်၊ ငါ့​ကို​ကယ်​လွှတ်​သော​သ​ခင်၊ ငါ၏​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ ထို​ဘု​ရား​သ​ခင်​ကို ငါ​ကိုး​စား၏။ ငါ၏​လူ​မျိုး​ကို ငါ့​အောက်​သို့ နှိမ့်​ချ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ကျောက်၊ ငါ၏​မြို့​ရိုး၊ ငါ့​ကို​ကယ်​လွှတ်​သော​သ​ခင်၊ ငါ၏​ဘု​ရား၊ ငါ​ကိုး​စား​သော အ​စွမ်း​သ​တ္တိ၊ ငါ၏​အ​ကွယ်​အ​ကာ၊ ငါ့​ကို​ကယ်​တင်​သော ဦး​ချို၊ ငါ၏​ရဲ​တိုက်​ဖြစ်​တော်​မူ၏။

ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင်​ရှိ​သ​နည်း။ ငါ​တို့ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​မည်​သော​ကျောက် ရှိ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား၏​နည်း​ဥ​ပ​ဒေ​သ​တို့​သည် ဖြောင့်​မတ်​သည်​ဖြစ်၍ စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​သည် စင်​ကြယ်​သည်​ဖြစ်၍၊ မျက်​စိ​ကို​ရှင်း​လင်း​စေ​တတ်၏။

သို့​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘုန်း​လည်း ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဦး​ခေါင်း​ကို ချီ​ကြွ​သော​သူ​လည်း ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် နေ​လည်း​ဖြစ်​တော်​မူ၏။ အ​ကွယ်​အ​ကာ​လည်း ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​တော်​နှင့် ဘုန်း​အ​သ​ရေ​ကို ပေး​တော်​မူ၏။ ဖြောင့်​မတ်​စွာ​ကျင့်​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို ငြင်း​တော်​မ​မူ။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ၊ ငါ၏​ရဲ​တိုက်၊ ငါ​ကိုး​စား​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု ငါ​ပြော​ဆို၏။

ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ ပ​ညာ​ရ​တ​နာ​ကို သို​ထား​တော်​မူ၏။ တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ၏။

လူ​ကို​ကြောက်​ရွံ့​ခြင်း​သ​ဘော​သည် ကျော့​ကွင်း​ကို​ထောင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား လုံ​ခြုံ​လိမ့်​မည်။

ထို​ကြောင့်၊ တ​ရား​တော်​သည် သန့်​ရှင်း​ခြင်း​ရှိ၏။ ပ​ညတ်​တ​ရား​လည်း သန့်​ရှင်း​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ ကောင်း​မြတ်​ခြင်း​ရှိ၏။-

အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မူ​ကား၊ ရှေ့​ဦး​စွာ​စင်​ကြယ်၏။ ထို​မှ​တစ်​ပါး၊ အ​သင့်​အ​တင့်​နေ​တတ်၏။ ဖြည်း​ညင်း​သော​သ​ဘော ရှိ၏။ သွေး​ဆောင်​လွယ်၏။ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ ကောင်း​ကျိုး​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။ လျစ်​လျူ​သော​စိတ်​ရှိ၏။ လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ