မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူဖြစ်၏။ အစာစားပြီးမှ မိမိပါးစပ်ကို သုတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟု ဆိုတတ်၏။
တစ်ဖန် လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကိုအထံတော်သို့ခေါ်ခဲ့၍ ယှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ပြန်ပြီးမှ၊
မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား၊
သင်သည် အသက်လမ်းကိုမဆင်ခြင်ရအောင်၊ သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့်၊ သင်သည် နားမလည်နိုင်ရ။
သင်ကလည်း၊ ငါသည် ညစ်ညူးခြင်းမရှိ၊ ဗာလဘုရားတို့နောက်သို့ မလိုက်ဟု အဘယ်သို့ ဆိုနိုင်သနည်း။ ချိုင့်၌ သင်လိုက်သောလမ်းကို ကြည့်ရှုလော့။ သင်ပြုသောအမှုတို့ကို ဝန်ခံလော့။ လျင်မြန်စွာပြေး၍ လှည့်လည်တတ်သော ကုလားအုတ်မ ပါတကား။