လေ၌ ရွှေလင်းတသွားရာ လမ်းတစ်ပါး၊ ကျောက်ပေါ်မှာ မြွေသွားရာ လမ်းတစ်ပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာ လမ်းတစ်ပါး၊ အပျိုမနှင့် ယောက်ျားသွားရာလမ်းတစ်ပါးတည်း။
သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။
မပေးစားလိုသောအပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍သင့်နေလျှင်၊ ကန်တော့ဥစ္စာကိုပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။
ငါ့ဉာဏ်မမီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သောအရာလေးပါးဟူမူကား၊
ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ ပျံလာ၍၊ အတောင်တို့နှင့် မောဘပြည်ကို အုပ်မိုးလိမ့်မည်။
ရန်သူသည်တက်၍ ရွှေလင်းတကဲ့သို့ ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဖွားခြင်းဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ ဖြစ်လိမ့်မည်။
ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူမျိုး၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက်၊ အသက်ကြီးသူကို မရိုသေ၊ အသက်ငယ်သူကို မသနားတတ်သောလူမျိုးကို၊ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ထာဝရဘုရားသည်ခေါ်၍ သင့်ကို တိုက်စေတော်မူမည်။