Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 3:23

Judson Bible

သင်​သည် ခ​ရီး​သွား​ရာ၌​ဘေး​မ​ရှိ။ ခြေ​မ​တိုက်​မိ​ဘဲ သွား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

တ​ရား​တော်​ကို​နှစ်​သက်​သော​သူ​တို့၌ ကြီး​စွာ​သော​ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ၏။ သူ​တို့ စိတ်​ပျက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ပါ။

သင်၏​ခြေ​ကို​ချော်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင့်​ကို စောင့်​သော​သူ​သည် အိပ်​တော်​မ​မူ။

ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ထွက်​ခြင်း​နှင့် ဝင်​ခြင်း​တို့​ကို ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် စောင့်​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​သည် သူ၏​စိတ်​နှ​လုံး​ထဲ​မှာ တည်​သည်​ဖြစ်၍၊ သူ​သွား​သော​အ​ခါ မ​ချော်​မ​လဲ​ရ။

ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​သူ​သည် အ​နင်း​မှန်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ သ​ဘော​ထင်​ရှား​လိမ့်​မည်။

မိ​မိ​သန့်​ရှင်း​သူ​တို့​သည် တ​ရား​လမ်း​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ သူ​တို့၏​လမ်း​ခ​ရီး​ကို လုံ​ခြုံ​စေ​တော်​မူ၏။

လျှောက်​သွား​လျှင် ကျဉ်း​မြောင်း​ရာ​သို့ မ​ရောက်၊ ပြေး​သော​အ​ခါ တိုက်​မိ၍​မ​လဲ​ရ။

သင်​သည် အ​ခြား​သို့​သွား​သော​အ​ခါ၊ ထို​ပ​ညတ်​တ​ရား​သည် လမ်း​ပြ​လိမ့်​မည်။ အိပ်​သော​အ​ခါ သင့်​ကို​စောင့်​လိမ့်​မည်။ နိုး​သော​အ​ခါ သင်​နှင့် နှုတ်​ဆက်​လိမ့်​မည်။

သူ​တို့​တွင် မော​သော​သူ​မ​ရှိ။ ထိ​မိ၍ လဲ​သော​သူ မ​ရှိ။ ငိုက်​မျဉ်း​သော​သူ၊ အိပ်​ပျော်​သော​သူ​လည်း​မ​ရှိ။ သူ​တို့​ခါး​စည်း မ​ပြေ။ ခြေ​နင်း​ကြိုး​လည်း​မ​ကျွတ်။

လွင်​ပြင်၌ မြင်း​ကို​နှင်​သ​ကဲ့​သို့၊ အ​ဆီး​အ​တား​မ​ရှိ​ဘဲ နက်​နဲ​ရာ​အ​ရပ်၌ သူ​တို့​ကို ဆောင်​သွား​သော​ဘု​ရား​သည် အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။

သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​ခိုင်​ခံ့​စေ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လှည့်​လည်၍ သွား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ