Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 3:22

Judson Bible

သို့​ပြု​လျှင်၊ ထို​ရ​တ​နာ​တို့​သည် သင်၏​ဝိ​ညာဉ်၌​အ​သက်၊ သင်၏​လည်​ပင်း၌ ဂုဏ်​အ​သ​ရေ​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နည်း​ဥ​ပ​ဒေ​သ​တ​ရား​တို့​သည် သင်၏​ခေါင်း၌ တင့်​တယ်​သော​ဦး​ရစ်၊ သင်၏​လည်​ပင်း၌ ပတ်​ရစ်​သော​လည်​ဆွဲ ဖြစ်​ကြ​လိမ့်​မည်။

ဉာဏ်​ပ​ညာ​ကို​ရ​သော​သူ​သည် အ​သက်​စမ်း​ရေ​တွင်း​ကို ရ၏။ မိုက်​သော​သူ​တို့၏ သွန်​သင်​ခြင်း​မူ​ကား၊ မိုက်​ခြင်း​ဖြစ်၏။

ပ​ညာ​ကို​ရ​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ချစ်​ရာ​ရောက်၏။ ဉာဏ်​ကို​စွဲ​လမ်း​သော​သူ​သည်​လည်း၊ ကောင်း​ကျိုး​ကို ခံ​တတ်၏။

ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် က​ရု​ဏာ​တ​ရား​ကို​ရှာ​သော​သူ​သည် အ​သက်​ရှင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ ဂုဏ်​အ​သ​ရေ​ထင်​ရှား​ခြင်း​ကို တွေ့​တတ်၏။

ဥ​ပ​ဒေ​သ​ကို ကိုင်​ဆွဲ​လော့။ မ​လွှတ်​နှင့်။ စောင့်​ထား​လော့။ အ​သက်​ရှင်​ခြင်း၏​အ​ကြောင်း ဖြစ်၏။

အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​စ​ကား​ကို တွေ့​ရ​သော​သူ​တို့​သည် အ​သက်​ရှင်​ခြင်း၊ တစ်​ကိုယ်​လုံး​ကျန်း​မာ​ခြင်း​အ​ကြောင်း​ကို တွေ့​ရ​ပြီ။

ငါ့​ကို​ရှာ၍​တွေ့​သော​သူ​သည် အ​သက်​ကို​တွေ့၏။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို​လည်း​ခံ​ရ၏။

အို ဘု​ရား​ရှင်၊ ထို​သို့​သော​အား​ဖြင့် အ​သက်​ရှင်​ရ​ပါ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့၌ အ​ကျွန်ုပ်​ဝိ​ညာဉ်၏ အ​သက်​တည်​ရ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ရှင်​စေ​တော်​မူ၏။

ဤ​အ​မှု​သည် သာ​မ​ည​အ​မှု​မ​ဟုတ်။ သင်​တို့ အ​သက်​နှင့်​ဆိုင်​သော အ​မှု​ဖြစ်၏။ ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ဤ​အ​မှု​ကို​စောင့်​ရှောက်​လျှင်၊ ကိုယ်​အ​သက်​တာ ရှည်​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ