ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။
ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသောကြောင့် မိန်းမောတွေဝေလျက် နေ၏။
အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေးတော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
အို ထာဝရဘုရား၊ မတရားသောသူတို့အဖို့ တွင်းတူးစဉ်အခါ၊
သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင်အားနည်း၏။
စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။-
ထိုကြောင့်ငါတို့သည် ထိုသို့သောတရား၏အမှုကို ဆောင်ရွက်သောသူဖြစ်၍၊ ကရုဏာကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။-
အဘသည် သားကိုဆုံးမသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အားဆုံးမတော်မူသည်ကို စိတ်ထဲမှာအောက်မေ့ရမည်။
အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။
ငါချစ်သမျှသော သူတို့၏အပြစ်ကို ငါစစ်ဆေး၍ သူတို့ကိုဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။-