Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 3:10

Judson Bible

သို့​ပြု​လျှင်၊ သင်၏​စ​ပါး​ကျီ​တို့​သည် ကြွယ်​ဝ၍၊ စ​ပျစ်​သီး​နယ်​ရာ​တန်​ဆာ​တို့​ကို အ​သစ်​သော စ​ပျစ်​ရည်​လျှံ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဇာ​ဒုတ်​အ​မျိုး၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး အာ​ဇ​ရိ​က၊ ပူ​ဇော်​သ​ကာ​တို့​ကို၊ ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​စ​ပြု​သော​နောက်၊ အ​ကျွန်ုပ်​တို့ စား​လောက်​အောင်​ရှိ​သည်​သာ​မ​က များ​စွာ​ကျန်​ကြွင်း​တတ်​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်၊ ပုံ​ထား​သော ဤ​ဥ​စ္စာ​များ​သည် ကျန်​ကြွင်း​လျက်​ရှိ​ပါ​သည်​ဟု လျှောက်​ကြ၏။

မိ​မိ​ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်​လျက်၊ ဗိ​မာန်​တော်၊ တ​ရား​တော်၊ ပ​ညတ်​တော်​တို့​အ​ဖို့ အ​မှု​စောင့်​စ​ပြု​လေ​ရာ​ရာ၌ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ပြု၍ အ​ကြံ​ထ​မြောက်​တတ်၏။

အ​ကျွန်ုပ်​တို့၏​ဘ​ဏ္ဍာ​တိုက်​တို့​သည် အ​စား​အ​သောက် အ​သုံး​အ​ဆောင်​များ​နှင့် ပြည့်​စုံ​ခြင်း၊ သိုး​တို့​သည် ပြင်​အ​ရပ်​တို့၌ အ​ထောင်​အ​သောင်း​မွေး​ဖွား​ခြင်း၊

ဆင်း​ရဲ​သား​ကို သ​နား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ချေး​ငှား​သော​သူ​ဖြစ်၍၊ သူ​ပြု​သော​အ​မှု၏​အ​ကျိုး​ကို ဆပ်​ပေး​တော်​မူ​လိမ့်​မည်။

က​ရု​ဏာ​မျက်​စိ​ရှိ​သော​သူ​သည် ဆင်း​ရဲ​သော​သူ​တို့​ကို ကျွေး​သော​ကြောင့် မင်္ဂ​လာ​ရှိ​လိမ့်​မည်။

ကောက်​နယ်​တ​လင်း​တို့​သည် စ​ပါး​နှင့်​ပြည့်၍၊ အ​သီး​နယ်​ရာ ကျင်း​တို့၌​လည်း စ​ပျစ်​ရည်​နှင့် ဆီ လျှံ​ကြ​လိမ့်​မည်။

စ​ပါး​ကျီ၌ စ​ပါး​ရှိ​သ​လော။ မ​ရှိ။ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်၊ သံ​လွင်​ပင်​တို့​သည် အ​သီး​ကို မ​သီး​ကြ​သေး။ သို့​သော်​လည်း၊ ယ​နေ့​မှ​စ၍ သင်​တို့​ကို ငါ​ကောင်း​ချီး​ပေး​မည်​ဟု မိန့်​တော်​မူ​၏။

အ​ကြင်​သူ​သည် တ​ပည့်​တော်၏ မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို​သည်​ဟု မှာ​ထား​တော်​မူ၏။-

သင်​တို့​နှင့်​ရော၍ အ​ဖို့​မ​ရှိ၊ အ​မွေ​ကို မ​ခံ​ရ​သော လေ​ဝိ​သား၊ သင်​တို့​နေ​ရာ​အ​ရပ်၌​ရှိ​သော တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​များ​တို့​သည် လာ၍ ဝ​စွာ​စား​ရ​ကြ​မည်။ သို့​ဖြစ်​လျှင် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။

သင်၏​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​ပေါ်​မှာ မင်္ဂ​လာ​ရောက်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​မည်။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်၌ သင့်​ကို ကောင်း​ချီး​မင်္ဂ​လာ​ပေး​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ