Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 28:13

Judson Bible

မိ​မိ​အ​ပြစ်​ကို ဝှက်​ထား​သော​သူ​သည် ချမ်း​သာ​မ​ရ။ မိ​မိ​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ချ၍ စွန့်​ပစ်​သော​သူ​မူ​ကား၊ က​ရု​ဏာ​တော်​ကို ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

38 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း သင့်​ညီ​အာ​ဗေ​လ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ကာ​ဣ​န​ကို​မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ညီ​ကို​စောင့်​ရ​သော​သူ​ဖြစ်​ပါ​သ​လော​ဟု လျှောက်​ဆို၏။

ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု နာ​သန်​အား​ဝန်​ချ၍ နာ​သန်​က၊ အ​သက်​တော်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​အ​ပြစ်​ကို ပယ်​တော်​မူ​ပြီ။

အ​ဗ​ရှ​လုံ​က၊ ငါ​သည် ဂေ​ရှု​ရ​မြို့​မှ အ​ဘယ်​ကြောင့် လာ​ရ​သ​နည်း။ ထို​မြို့၌ ယ​ခု​တိုင်​အောင် နေ​ကောင်း​သည်​ဟု လျှောက်​စေ​ခြင်း​ငှာ၊ သင့်​ကို ရှင်​ဘု​ရင်​ထံ​တော်​သို့ စေ​လွှတ်​မည်​ဟု ငါ​ခေါ်၏။ ယ​ခု​မှာ ရှင်​ဘု​ရင်၏​မျက်​နှာ​တော်​ကို ငါ​မြင်​ရ​ပါ​စေ။ အ​ပြစ်​ရှိ​လျှင် သတ်​တော်​မူ​ပါ​စေ​ဟု ယွာ​ဘ​အား​ပြော​ဆို​သော်၊

နန်း​တော်၌ အ​ဘယ်​အ​ရာ​ကို မြင်​ကြ​ပြီ​နည်း​ဟု မေး​ပြန်​လျှင်၊ ဟေ​ဇ​ကိ​မင်း​က၊ နန်း​တော်၌​ရှိ​သ​မျှ​ကို မြင်​ရ​ကြ​ပြီ။ ဘ​ဏ္ဍာ​တော်​တွင် ငါ​မ​ပြ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟု ပြန်​ပြော၏။

ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် မိုး​မ​ရွာ၊ မိုး​ခေါင်​သ​ဖြင့်၊ ကိုယ်​တော်​သည် ဆုံး​မ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို မှီ​ခို​လျက် ဆု​တောင်း၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက် မိ​မိ​ဒု​စ​ရိုက်​ကို စွန့်​ပယ်​လျှင်၊

သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​ကြ​လော့။ အ​လို​တော်​အ​တိုင်း ပြု​လျက်၊ ဤ​ပြည်​သား​တို့​နှင့်​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား မိန်း​မ​တို့​နှင့်​လည်း​ကောင်း ကွာ​ကြ​လော့​ဟု သူ​တို့​အား​ဆို၏။

ဧ​လံ​အ​မျိုး၊ ယေ​ဟေ​လ​သား ရှေ​က​နိ​က​လည်း၊ ငါ​တို့​သည် ကိုယ်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား၍၊ ဤ​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား မိန်း​မ​တို့​နှင့် စုံ​ဖက်​ကြ​ပြီ။ သို့​ရာ​တွင် ဤ​အ​မှု​မှာ ဣ​သ​ရေ​လ​အ​မျိုး မျှော်​လင့်​စ​ရာ ရှိ​သေး၏။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​စစ်​ဖြစ်​သော သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​ရှိ​သ​မျှ​တို့​နှင့် ကွာ၍၊ ကိုယ်​အ​ပြစ်​နှင့် ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကို ဖော်​ပြ​တောင်း​ပန်​ကြ၏။

ငါ​သည် လူ​ပြု​တတ်​သ​ကဲ့​သို့၊ ကိုယ်​ဒု​စ​ရိုက်​ကို​ဖုံး၍၊ ကိုယ်​ရင်​ထဲ၌ ကိုယ်​အ​ပြစ်​ကို ဝှက်​ထား​ဖူး​သ​လော။

သူ​က​လည်း၊ ငါ​သည် ပြစ်​မှား​ပါ​ပြီ။ မှန်​သော​တ​ရား​ကို မှောက်​ပါ​ပြီ။ သို့​သော်​လည်း ကိုယ်​ခံ​ထိုက်​သော အ​ပြစ်​ကို​မ​ခံ​ရ​ဘဲ၊

အ​ကျွန်ုပ်​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​ပါ​ပြီ။ နောက်​တစ်​ဖန် မ​ပြစ်​မှား​ပါ။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။

မုန်း​သော​စိတ်​သည် ရန်​တွေ့​ရာ​သို့ တိုက်​တွန်း​တတ်၏။ ချစ်​သော​စိတ်​မူ​ကား၊ ခပ်​သိမ်း​သော​အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။

သူ​တစ်​ပါး​ပြစ်​မှား​သော အ​မှု​ကို ဝှက်​ထား​သော​သူ​သည် မေ​တ္တာ​ကို ပြု​စု၏။ ကြား​ပြော​သော​သူ​မူ​ကား၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ၏။

ဆိုး​သော​သူ​သည် မိ​မိ​လမ်း​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကြံ​တို့​ကို​လည်း​ကောင်း စွန့်​ပစ်၍၊ ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် သ​နား​တော်​မူ​လိမ့်​မည်။ ငါ​တို့ ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် အ​ထူး​သ​ဖြင့် အ​ပြစ်​ကို လွှတ်​တော်​မူ​လိမ့်​မည်။

ထို​သို့​သော အ​ပြစ်​များ​ရှိ​သော်​လည်း သင်​က၊ ငါ၌​အ​ပြစ်​မ​ရှိ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​မျက်​တော်​သည် ငါ​မှ​လွဲ​သွား​လိမ့်​မည်​ဟု ဆို​ပါ​သည်​တ​ကား။ ငါ၌​အ​ပြစ်​မ​ရှိ​ဟု​ဆို​သော​ကြောင့်၊ သင့်​ကို ငါ​စစ်​ကြော​စီ​ရင်​မည်။

သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။ တ​ရား​သော အ​မှု​ကို​ပြု​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​ခြင်း​အား​ဖြင့် ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို ပယ်​ဖြတ်​တော်​မူ​ပါ။ ထို​သို့​ပြု​လျှင်၊ ချမ်း​သာ​ရ​ကောင်း ရ​တော်​မူ​လိမ့်​မည်​ဟု ဒံ​ယေ​လ​လျှောက်​ထား၏။

ထို​သို့​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ရောက်​လျှင်၊ ထို​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ရ​မည်။

မြို့​သား​တို့​သည် မိ​မိ​တို့​လိုက်​သော အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်၍၊ ကျင့်​သော​အ​ကျင့်​များ​ကို ဘု​ရား​သ​ခင်​သည် မြင်​လျှင်၊ အ​ရင်​ခြိမ်း​သော ဘေး​ဒဏ်​ကို မ​ပေး​ဘဲ​နေ​တော်​မူ၏။

လူ​တို့​သည် နောင်​တ​ရ​ရ​မည်။ နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော အ​ကျင့်​ကို ကျင့်​ရ​မည်။ ဘု​ရား​သ​ခင် အ​ထံ​တော်​သို့ ပြောင်း​လဲ​ရ​မည်​ဟူ၍ ဒ​မာ​သက်​မြို့၌ ရှေ့​ဦး​စွာ ဟော​ပြော​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်၌​နေ​သော သူ​တို့​အား​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဟော​ပြော​ပါ၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​ပါ​ပြီ။ စိတ်​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့၌ ပြု​တော်​မူ​ပါ။ ယ​ခု တစ်​ကြိမ်​သာ​ကယ်​နုတ်​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​လျှောက်​လျက်၊

ရှော​လု​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​အ​တိုင်း ပြု​ပါ​ပြီ​ဟု ဆို၏။

ရှော​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ပြစ်​မှား​ပါ​ပြီ။ လူ​များ​ကို​ကြောက်၍ သူ​တို့​စ​ကား​ကို နား​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်၏​စ​ကား​ကို​လည်း​ကောင်း လွန်​ကျူး​ပါ​ပြီ။

ရှော​လု​က အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​မျိုး​သား​ချင်း အ​သက်​ကြီး​သူ​တို့​ရှေ့၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့၌​လည်း​ကောင်း၊ အ​ကျွန်ုပ်၏​ဂုဏ်​အ​သ​ရေ​ကို မ​ဖျက်​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှင့်​အ​တူ ပြန်​လာ​ပါ​ဟု တောင်း​ပန်​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ