Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 25:25

Judson Bible

ဝေး​သော​ပြည်​မှ​ရောက်​လာ​သော ဝမ်း​မြောက်​စ​ရာ​သ​တင်း​စ​ကား​သည် ရေ​ငတ်​သော​သူ၌ ချမ်း​ဧ​သော​ရေ​ကဲ့​သို့ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​လည်း ယော​သပ်​ပြော​သ​မျှ​သော​စ​ကား​တို့​ကို ပြန်​ပြော​ကြ၏။ အ​ဘ​ယာ​ကုပ်​သည် မိ​မိ​စီး​စ​ရာ​ဖို့ ယော​သပ်​ပေး​လိုက်​သော​လှည်း​တို့​ကို မြင်​သော​အ​ခါ စိတ်​နှ​လုံး​အား​ဖြည့်​ပြန်၏။

ဒါ​ဝိဒ်​က​လည်း၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဗက်​လင်​မြို့​တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို ခပ်၍ ငါ့​အား​ပေး​ပါ​စေ​သော​ဟု တောင့်​တ​သော​စိတ်​နှင့် ဆို​သော်၊

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို ကြိုး​စား၍ ရှာ​ပါ၏။ ရေ​မ​ရှိ သွေ့​ခြောက်​သော​လွင်​ပြင်၌ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ငတ်​ပါ၏။ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​သည်​လည်း ကိုယ်​တော်​ကို လွမ်း​ဆွတ်​ပါ၏။

ထို​အ​ရပ်၌​ရှိ​သော​ကျောက်​ပေါ်​တွင် သင့်​ရှေ့​မှာ​ငါ​ရပ်​နေ​မည်။ သင်​သည် ထို​ကျောက်​ကို​ရိုက်​ရ​မည်။ လူ​များ​သောက်​ဖို့ ထို​ကျောက်​ထဲ​က ရေ​ထွက်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ရှေ့​မှာ ထို​သို့​ပြု​လေ၏။

မျက်​စိ​အ​လင်း​သည် နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ကောင်း​သော​သ​တင်း​စ​ကား​သည်​လည်း၊ အ​ရိုး​တို့​ကို ခြင်​ဆီ​နှင့် ပြည့်​ဝ​စေ​တတ်၏။

ဖြောင့်​မတ်​သော​သူ​သည် မ​တ​ရား​သော​သူ​ရှေ့​တွင် မှား​ယွင်း​လျှင်၊ နောက်​သော​ရေ​ကန်၊ ပုပ်​သော​စမ်း​ရေ​တွင်း​နှင့် တူ၏။

ငြိမ်​သက်​ခြင်း၏​ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော​သူ၊ ကယ်​တင်​ခြင်း ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော​သူ၊ သင်၏​ဘု​ရား​သ​ခင်​စိုး​စံ​တော်​မူ၏​ဟု ဇိ​အုန်​မြို့​အား ပြော​သော​သူ၏​ခြေ​တို့​သည် တောင်​ပေါ်​မှာ အ​လွန်​တင့်​တယ်​လှ​စွ​တ​ကား။

အို ရေ​ငတ်​သော​သူ အ​ပေါင်း​တို့၊ ရေ​ရှိ​ရာ​သို့ လာ​ကြ​လော့။ ငွေ​မ​ရှိ​သော​သူ​တို့၊ လာ​ကြ။ ဝယ်၍ စား​သောက်​ကြ​လော့။ ငွေ​မ​ပါ​ဘဲ၊ အ​ဖိုး​ကို​မ​ပေး​ဘဲ​လာ၍ စ​ပျစ်​ရည်​နှင့် နို့​ကို ဝယ်​ကြ​လော့။

လွင်​ပြင်၌​ရှိ​သော ကျောက်​ကို မ​စွန့်၊ လေ​ဗ​နုန်​တောင်၏​မိုး​ပွင့်​ကို အ​ဘယ်​သူ စွန့်​မည်​နည်း။ အ​ခြား​တစ်​ပါး​သော​အ​ရပ်​မှ​စီး​လာ၍ ချမ်း​ဧ​သော မြစ်​ရေ​သည် ခန်း​ခြောက်​လိမ့်​မည်​လော။

ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​စ​ကား​ကို ကြား​ပြော​သော​သူ၏ ခြေ​တို့​ကို တောင်​ပေါ်​မှာ ကြည့်​ကြ​လော့။ အို ယု​ဒ​အ​မျိုး၊ သင်၏​ဓ​မ္မ​ပွဲ​ကို​ခံ​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​လော့။ အ​ဓ​မ္မ​လူ​သည် ရှင်း​ရှင်း​ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​သော​ကြောင့် နောက်​တစ်​ဖန်​သင့်​ကို မ​ကျော်​မ​နင်း​ရ။

ထို​ပွဲ​ကို​ခံ၍ နောက်​ဆုံး​ဖြစ်​သော​နေ့​မြတ်၌ ယေ​ရှု​သည်​ရပ်၍ ကြွေး​ကြော်​တော်​မူ​သည်​ကား၊ ရေ​ငတ်​သော​သူ​ရှိ​လျှင် ငါ့​ထံ​သို့​လာ၍ သောက်​လော့။-

လူ​ကို မ​စေ​လွှတ်​လျှင် အ​ဘယ်​သို့ ဟော​ပြော​နိုင်​မည်​နည်း။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း၊ ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော သူ၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​စွ​တ​ကား​ဟု လာ​သ​တည်း။-

ယေ​ရှု​ခ​ရစ်​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​ငှာ၊ ဤ​လော​က​သို့ ကြွ​လာ​တော်​မူ​သည်​ဟူ​သော​စ​ကား​သည် သ​စ္စာ​စ​ကား​ဖြစ်၏။ အ​ကြွင်း​မဲ့ ခံ​ယူ​အပ်​သော​စ​ကား​လည်း​ဖြစ်၏။ အ​ပြစ်​ရှိ​သော သူ​တို့​တွင် ငါ​သည် အ​ကြီး​ဆုံး​ဖြစ်၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ၍ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ၏။ နောက်​တစ်​ဖန် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး​သား​တို့​နေ​သော​ပြည်​ကို လုပ်​ကြံ​အံ့​သော​ငှာ စစ်​ချီ​မည်​ဟု အ​ကြံ​မ​ရှိ​ကြ။

အ​မှု​ပြီး​ပြီ။ ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။ ရေ​ငတ်​သော​သူ​အား အ​သက်​စမ်း​ရေ​ကို အ​ဖိုး​မ​ယူ​ဘဲ ငါ​ပေး​မည်။-

ဝိ​ညာဉ်​တော်​နှင့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က လာ​ခဲ့​ပါ​ဟု ဆို​ကြ၏။ ကြား​သော​သူ​က​လည်း၊ လာ​ခဲ့​ပါ​ဟု​ဆို​ပါ​စေ၊ ရေ​ငတ်​သော​သူ​သည် လာ​ပါ​စေ။ အ​လို​ရှိ​သော​သူ​သည် အ​ဖိုး​ကို​မ​ပေး​ဘဲ အ​သက်​ရေ​ကို ယူ​ပါ​စေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ