ရန်တွေ့တတ်သောမိန်းမနှင့် လူများသောအိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။
မိုက်သောသားသည် အဘဆင်းရဲစရာအကြောင်း ဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း၊ အစက်စက်ကျသော မိုးပေါက်နှင့်တူ၏။
စိတ်တို၍ ရန်တွေ့တတ်သောမိန်းမနှင့် နေသည်ထက်၊ တောလွင်ပြင်၌နေသော် သာ၍ကောင်း၏။
ရန်တွေ့တတ်သောမိန်းမနှင့်အတူ လူများသောအိမ်၌ နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။
ဝေးသောပြည်မှရောက်လာသော ဝမ်းမြောက်စရာသတင်းစကားသည် ရေငတ်သောသူ၌ ချမ်းဧသောရေကဲ့သို့ ဖြစ်၏။