Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 23:23

Judson Bible

သ​မ္မာ​တ​ရား​ကို​ဝယ်​လော့။ မ​ရောင်း​နှင့်။ ပ​ညာ​ကို​လည်း​ကောင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ကို​လည်း​ကောင်း၊ ဉာဏ်​သ​တ္တိ​ကို​လည်း​ကောင်း ထို​အ​တူ​ပြု​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို ရွှေ​ထက်​မ​က၊ ရွှေ​စင်​ထက် သာ၍ နှစ်​သက်​ပါ၏။

နှုတ်​တော်​ထွက် တ​ရား​တော်​သည် ရွှေ​ငွေ​အ​ထောင်​အ​သောင်း​ထက်​မ​က၊ အ​ကျွန်ုပ်၌ သာ၍​ကောင်း​ပါ၏။

ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ မိုက်​သော​သား​မူ​ကား၊ အ​မိ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ဖြစ်​စေ​တတ်၏။

ရွှေ​ကို​ရ​တတ်​ခြင်း​ထက် ပ​ညာ​ကို​ရ​တတ်​ခြင်း​သည် အ​လွန်​ကောင်း၏။ ငွေ​ကို​အ​မြတ်​မ​ထား၊ ဉာဏ်​နှင့် ပြည့်​စုံ​ခြင်း​ကို အ​မြတ်​ထား​စ​ရာ​အ​လွန်​ကောင်း၏။

မိုက်​သော​သူ​သည် ပ​ညာ​ကို အ​လို​မ​ရှိ​သည်​ဖြစ်၍၊ ပ​ညာ​အ​ဖိုး​ကို အ​ဘယ်​ကြောင့် သူ၌​အပ်​ရ​သ​နည်း။

သ​မ္မာ​သ​တိ​ရှိ​သော​သူ၏ စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​ကို သို​ထား​တတ်၏။ ပ​ညာ​ရှိ​သော​သူ၏​နား​သည်​လည်း၊ ပ​ညာ​စ​ကား​ကို​ရှာ​တတ်၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို မ​ဆုံး​မ​နှင့်။ သင့်​ကို​မုန်း​လိမ့်​မည်။ ပ​ညာ​ရှိ​ကို​အ​ပြစ်​ပြ​လော့။ သူ​သည် သင့်​ကို​ချစ်​လိမ့်​မည်။

အို ရေ​ငတ်​သော​သူ အ​ပေါင်း​တို့၊ ရေ​ရှိ​ရာ​သို့ လာ​ကြ​လော့။ ငွေ​မ​ရှိ​သော​သူ​တို့၊ လာ​ကြ။ ဝယ်၍ စား​သောက်​ကြ​လော့။ ငွေ​မ​ပါ​ဘဲ၊ အ​ဖိုး​ကို​မ​ပေး​ဘဲ​လာ၍ စ​ပျစ်​ရည်​နှင့် နို့​ကို ဝယ်​ကြ​လော့။

တစ်​နည်း​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်၌​ဝှက်​ထား​သော​ဘ​ဏ္ဍာ​နှ​င့် တူ၏။ ထို​ဘ​ဏ္ဍာ​ကို​တွေ့​သော​သူ​သည် တစ်​ဖန်​ဖုံး​အုပ်၍၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သွား​ပြီး​လျှင်၊ ရ​တတ်​သ​မျှ​ကို ရောင်း၍ ထို​လယ်​ကို ဝယ်​တတ်၏။

ထို​ကုန်​သည်​သည် အ​လွန်​အ​ဖိုး​ထိုက်​သော ပု​လဲ​ကို တွေ့​သော​အ​ခါ၊ သွား၍ မိ​မိ၌​ရ​တတ်​သ​မျှ​ကို ရောင်း​ပြီး​လျှင် ထို​ပု​လဲ​ကို ဝယ်​လေ၏။-

လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။-

သို့​သော်​လည်း ချည်​နှောင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​အ​မှု​တို့​သည် ငါ့​ကို​ဆိုင်း​လင့်​သည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ခပ်​သိမ်း​သော​မြို့​တို့၌ ငါ့​အား သက်​သေ​ခံ​တော်​မူ၏။-

သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။-

သင်​သည် ဥ​စ္စာ​ရ​တတ်​ခြင်း​ငှာ၊ မီး​နှင့်​ချွတ်​ပြီး​သော ရွှေ​ကို​လည်း​ကောင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ သူ​တစ်​ပါး ရှေ့​တွင် မ​ရှက်​စေ​ခြင်း​ငှာ ခြုံ​စ​ရာ​ဖို့၊ ဖြူ​သော​အ​ဝတ်​ကို​လည်း​ကောင်း ငါ့​ထံ​မှာ​ဝယ်​လော့။ သင်၏​မျက်​စိ​မြင်​စေ​ခြင်း​ငှာ၊ မျက်​စိ၌ မျက်​စဉ်း​ခတ်​လော့​ဟု သင့်​အား​ငါ​သည် အ​ကြံ​ပေး၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ