သင့်ကို ဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင်မပြုနှင့်။
ငါ့သား၊ အဘ၏နည်းဥပဒေသကိုနားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။
ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။
အဘကိုကျိန်ဆဲ၍ အမိကိုလည်း ကောင်းချီးမပေးတတ်သော လူတစ်မျိုး၊
အဘကို ကျီစားသောသူ၊ အမိစကားကို နားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏မျက်စိကို ချိုင့်၌ကျင်လည်သော ကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတ သူငယ်တို့သည်လည်း စားကြလိမ့်မည်။
ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင်လော့။ အမိပေးသော တရားကို မပယ်နှင့်။
လူတိုင်း ကိုယ်မိဘကိုရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ကိုလည်း စောင့်ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။
မောရှေ၏ ပညတ်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း။-
မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။