Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 22:3

Judson Bible

သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် အ​မှု​ကို​မျှော်​မြင်၍ ပုန်း​နေ​တတ်၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား၊ အ​စဉ်​အ​တိုင်း​သွား၍ အ​မှု​နှင့်​တွေ့​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အို​လူ​မိုက်​တို့၊ သင်​တို့​သည် မိုက်​သော​အ​ကျင့်​ကို နှစ်​သက်​လျက်၊ ကဲ့​ရဲ့​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၌​မွေ့​လျော်​လျက်၊ မိုက်​မဲ​သော​သူ​တို့​သည် ပ​ညာ​အ​တတ်​ကို​မုန်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။

ပ​ညာ​ရှိ​သော​သူ​သည် ကြောက်၍ ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။ မိုက်​သော​သူ​မူ​ကား မာ​န​ကြီး၍ ရဲ​ရင့်​တတ်၏။

စိတ်​နှိမ့်​ချ​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​ကျေး​ဇူး​ကြောင့် စည်း​စိမ်၊ ဂုဏ်​အ​သ​ရေ၊ အ​သက်​ကို ရ​တတ်၏။

သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် အ​မှု​ကို​မြော်​မြင်၍၊ ပုန်း​ရှောင်​လျက် နေ​တတ်၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား၊ အ​စဉ်​အ​တိုင်း​သွား၍ အ​မှု​နှင့်​တွေ့​တတ်၏။

အ​ထပ်​ထပ်​ဆုံး​မ​ခြင်း​ကို​ခံ​သော်​လည်း၊ မိ​မိ​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​သူ​သည် ကိုး​ကွယ်​ရာ​မ​ရ၊ ရုတ်​တ​ရက် ပျက်​စီး​လိမ့်​မည်။

ဉာဏ်​တိမ်​သော အ​မျိုး​သား​ချင်း​စု​ကို ငါ​ကြည့်​ရှု​စဉ်​တွင်၊ ဉာဏ်​မ​ရှိ​သော လူ​ပျို​တစ်​ယောက်​သည်၊

နော​ဧ​သည် မ​မြင်​သေး​သော အ​မှု​အ​ရာ​တို့​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ကယ်​တင်​ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ၏။ ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် လော​ကီ​သား​တို့​ကို အ​ပြစ်​တင်၍ ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ခြင်း​ကို​လည်း အ​မွေ​ခံ​ရ၏။

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မု​သား​မ​သုံး​နိုင်​သော အ​ရာ​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပြောင်း​လဲ​နိုင်​သော အ​ရာ​နှစ်​ပါး​ကို အ​မှီ​ပြု၍၊ ကိုယ်​ရှေ့၌​ထား​သော မျှော်​လ​င့်​ရာ​ကို ခို​လှုံ​ခြင်း​ငှာ ပြေး​သော ငါ​တို့​သည် သက်​သာ​အား​ကြီး​ကြ​မည်​အ​ကြောင်း​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ