Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 22:2

Judson Bible

ငွေ​ရ​တတ်​သော​သူ​နှင့် ဆင်း​ရဲ​သော​သူ​တို့​သည် တွေ့​ကြုံ​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား ဖန်​ဆင်း​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သည် သူ့​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။ တစ်​ပါး​တည်း​သော​ဘု​ရား​သည် ငါ​တို့​နှစ်​ယောက်​ကို အ​မိ​ဝမ်း​ထဲ၌ ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။

ထို​မျှ​မ​က၊ မင်း​တို့၏​မျက်​နှာ​ကို ထောက်​တော်​မ​မူ။ ဆင်း​ရဲ​သော​သူ​ကို အား​နာ​သည်​ထက်၊ ရ​တတ်​သော​သူ​ကို သာ၍ အား​နာ​တော်​မ​မူ​သော ဘု​ရား​သ​ခင်​ကို မ​ဆို​သင့်​သည် မ​ဟုတ်​လော။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။

ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​သည် ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို ကဲ့​ရဲ့၏။ ဘု​ရား​ကို​ရို​သေ​သော​သူ​မူ​ကား၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​တတ်၏။

ဆင်း​ရဲ​သော​သူ​နှင့် ညှဉ်း​ဆဲ​သော​သူ​တို့​သည် တွေ့​ကြုံ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ထို​နှစ်​ဦး​တို့​အား အ​လင်း​ကို​ပေး​သ​နား​တော်​မူ၏။

မျက်​စိ​က၊ သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု လက်​ကို မ​ဆို​ရ။ ထို​နည်း​တူ၊ ဦး​ခေါင်း​က၊ သင်​တို့​ကို​ငါ​အ​လို​မ​ရှိ​ဟု ခြေ​တို့​ကို မ​ဆို​ရ။ ထို​မျှ​မ​က အား​နည်း​ဟန်​ရှိ​သော အင်္ဂါ​တို့​သည် သာ၍​အ​သုံး​ဝင်​ကြ၏။-

ဆင်း​ရဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပြု၍၊ နှိမ့်​ချ​သော​အ​ခွင့်၊ ချီး​မြှောက်​သော​အ​ခွင့် ရှိ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ