Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 2:12

Judson Bible

ဆိုး​သော​လမ်း​မှ ကယ်​တင်​လိမ့်​မည်။ ကောက်​သော​စ​ကား​ကို ပြော​တတ်​သော​သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သ​ဘော​ကောက်​သော​သူ​သည် ငါ့​ထံ​မှ​ထွက်​သွား​ရ​မည်။ မ​ကောင်း​သော​သူ​နှင့် ငါ​မ​ပေါင်း​ဖော်။

ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်​ပါ၍၊ မ​တ​ရား​သော​အ​မှု၊ ဒု​စ​ရိုက်​အ​မျိုး​မျိုး၌ ကျင်​လည်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​ကို မ​ကောင်း​သော​အ​မှု​အ​ရာ​သို့ သွေး​ဆောင်​တော်​မ​မူ​ပါ​နှင့်။ ထို​သူ​တို့၏​ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို အ​ကျွန်ုပ်​မ​စား​ပါ​စေ​နှင့်။

ဖြောင့်​မတ်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် နှစ်​သက်​ဖွယ်​သော​အ​ရာ​ကို သိ​ကျွမ်း​တတ်၏။ မ​တ​ရား​သော​သူ​တို့​မူ​ကား၊ ဆန့်​ကျင်​သော စ​ကား​ကို ပြော​တတ်​ကြ၏။

ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​သော​သူ​သည် ပ​ညာ​ရှိ​တတ်၏။ လူ​မိုက်​တို့​နှင့် ပေါင်း​ဖော်​သော​သူ​မူ​ကား၊ ပျက်​စီး​တတ်၏။

သင့်​မျက်​စိ​တို့​သည် အ​မျိုး​ပျက်​သော​မိန်း​မ​တို့​ကို ကြည့်​ရှု၍၊ သင့်​နှ​လုံး​သည်​လည်း ကောက်​သော​စ​ကား​ကို မြွက်​ဆို​လိမ့်​မည်။

မိ​မိ​စိတ်​နှ​လုံး​ကို ကိုး​စား​သော​သူ​သည် လူ​မိုက်​ဖြစ်၏။ ပ​ညာ​သ​တိ​နှင့် ကျင့်​သော​သူ​မူ​ကား၊ ဘေး​လွတ်​တတ်၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သ​ဘော​ကောက်​သော​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​ရှိ​ကြ၏။

ဆိုး​ယုတ်​သော​သူ​နှင့် မ​တ​ရား​သော​သူ​သည် ကောက်​လိမ်​သော​စ​ကား၌ ကျင်​လည်​တတ်၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကား၊ ဒု​စ​ရိုက်​ကို မုန်း​သော​သ​ဘော​တည်း။ မာ​န​ထောင်​လွှား​ခြင်း၊ စော်​ကား​ခြင်း၊ မ​ကောင်း​သော​လမ်း​သို့​လိုက်​ခြင်း၊ ကောက်​သော​စ​ကား​ဖြင့် ပြော​ဆို​ခြင်း​တို့​ကို ငါ​မုန်း၏။

မိုက်​သော​သူ​ကို ရှောင်၍ အ​သက်​ချမ်း​သာ​ရ​လော့။ ပ​ညာ​လမ်း​သို့ လိုက်​လော့​ဟု ဆို​သ​တည်း။

တ​ပည့်​တော်​များ​ကို​သွေး​ဆောင်​ခြင်း​ငှာ၊ မှား​သော​စ​ကား​ကို ပြော​တတ်​သော​လူ​တို့​သည် သင်​တို့​အ​ထဲ၌​လည်း ပေါ်​လာ​မည်​ကို​လည်း​ကောင်း ငါ​သိ၏။-

အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​ကောင်း​သော သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​အား​ဖြင့် ကောင်း​သော​အ​ကျင့်​ဓ​လေ့ ယို​ယွင်း​တတ်၏။-

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြန်​သည်​ကား၊ သင်​တို့​သည် ထို​သူ​တို့​အ​ထဲ​မှ​ထွက်၍ အ​သီး​အ​ခြား နေ​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​ကို ငါ​သည် လက်​ခံ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ