သမ္မာသတိသည် သင့်ကိုထိန်းသိမ်း၍၊ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊
ကိုယ်တော်ကိုမျှော်လင့်လျက်နေပါသည်ဖြစ်၍၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပါစေသော။
ပညာကို မစွန့်နှင့်။ သူသည်သင့်ကို ထိန်းသိမ်းလိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။
ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင် သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့်ကို ပေး၍ ကျေးဇူးကြီး၏။
ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။-