Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 19:27

Judson Bible

ငါ့​သား၊ ပ​ညာ​တ​ရား​ကို ပယ်​စေ​ခြင်း​ငှာ၊ သွန်​သင်​သော​သူ၏​စ​ကား​ကို နား​မ​ထောင်​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ယော​န​ဒပ်​က​လည်း၊ ခု​တင်​ပေါ်​မှာ တုံး​လုံး​နေ၍ နာ​ဟန်​ဆောင်​ပါ။ ခ​မည်း​တော်​သည် အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​နှ​မ​တာ​မာ​လာ၍ ကျွေး​မွေး​ပါ​စေ။ သူ​ချက်​သော စား​စ​ရာ​ကို အ​ကျွန်ုပ်​သည်​မြင်၍ သူ​လက်၌​စား​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှေ့​မှာ ချက်​ပါ​စေ​ဟု အ​ခွင့်​တောင်း​ရ​မည်​ဟု အ​ကြံ​ပေး​သည်​အ​တိုင်း၊

ထို​သူ​ငယ်​ချင်း လု​လင်​တို့​က၊ ခ​မည်း​တော်​သည် ကျွန်​တော်​တို့၌ ထမ်း​ပိုး​ကို​လေး​စေ​ပါ​ပြီ၊ ပေါ့​စေ​တော်​မူ​ပါ​ဟု လျှောက်​သော​ပြည်​သား​တို့​အား ကိုယ်​တော်​က၊ ငါ့​လက်​သန်း​သည် ငါ့​ခ​မည်း​တော်​ခါး​ထက်​သာ၍ ကြီး​လိမ့်​မည်။

မိုက်​သော​သူ​နှင့်​တွေ့၍ သူ၏​နှုတ်၌ ပ​ညာ​အ​တတ်​မ​ရှိ​သည်​ကို သိ​မြင်​လျှင်၊ ထို​သူ​ကို ရှောင်​သွား​လော့။

အ​ဘ​ဥ​စ္စာ​ကို​ဖြုန်း၍ အ​မိ​ကို နှင်​ထုတ်​သော​သား​သည် အ​ရှက်​ခွဲ​သော​သား၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​စေ​သော​သား​ဖြစ်၏။

အ​ဓ​မ္မ​သက်​သေ​သည် တ​ရား​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ မ​တ​ရား​သော​သူ​သည်​လည်း၊ ဒု​စ​ရိုက်​ကို​စား၍ မျို​တတ်၏။

သို့​ဖြစ်၍၊ သင်​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ အ​စေ​ကို မ​ခံ​ရ​ဟု၊ သင်​တို့​အား ပြော​တတ်​သော ပ​ရော​ဖက်၊ အ​နာ​ဂတ်​ဆ​ရာ၊ အိပ်​မက်​မြင်​သော​ဆ​ရာ၊ နတ်​ဝိ​ဇ္ဇာ​ဆ​ရာ၊ ပြု​စား​တတ်​သော​ဆ​ရာ​တို့၏ စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် မုန့်၏​တ​ဆေး​ကို ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မ​မူ။ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏ ဩ​ဝါ​ဒ​ကို ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ​သည်​ကို နား​လည်​ကြ​သ​တည်း။

ယေ​ရှု​က​လည်း၊ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏​တ​ဆေး​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ၏။-

အ​တွင်း၌ ကြမ်း​တမ်း​သော တော​ခွေး​ဖြစ်​လျက် သိုး​ရေ​ကို​ခြုံ၍ သင်​တို့​ရှိ​ရာ​သို့​လာ​သော မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို သ​တိ​နှင့် ရှောင်​ကြ​လော့။-

ထို​မှ​တစ်​ပါး သင်​တို့​သည် အ​ဘယ်​သို့​ကြား​နာ​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​တိုင်​ခံ​ရ​ကြ​မည်။-

မ​ဆိုင်​သော​သူ​တို့၏​စ​ကား​သံ​ကို မ​ကျွမ်း​သော​ကြောင့်၊ မ​ဆိုင်​သော​သူ​နောက်​သို့​မ​လိုက်​ဘဲ ပြေး​တတ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သူ​တစ်​ပါး​တို့​သည် လူ​ပ​ရိ​ယာယ်​နှင့်​အ​ပြစ်​သို့ သွေး​ဆောင်​ခြင်း​ငှာ လှည့်​ဖြား ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သည် နောက်​တစ်​ဖန် ခပ်​သိမ်း​သော ဩ​ဝါ​ဒ လေ​တိုက်၍ ဖ​ရို​ဖ​ရဲ​လွင့်​သွား​သော သူ​ငယ်​မ​ဖြစ်​ဘဲ​လျက်၊-

မိန်း​မ​အို​ပြော​တတ်​သော တ​ရား​မဲ့​ဖြစ်​သော ဒ​ဏ္ဍာ​ရီ​စ​ကား​ကို ပယ်​ရှား၍ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​အား​ဖြင့် ကိုယ်​ကို​ကိုယ်​ဆုံး​မ​လော့။-

ချစ်​သူ​တို့၊ ခပ်​သိမ်း​သော​စိတ်​ဝိ​ညာဉ်​တို့​ကို မ​ယုံ​ကြ​နှင့်။ စိတ်​ဝိ​ညာဉ်​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည် မ​စပ်​ဆိုင်​သည်​ကို စုံ​စမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ဤ​လော​က​သို့ သွား​ကြ​ပြီ။-

ထို​ဒေ​သ​နာ​တော် မ​ပါ​သော​သူ​သည် သင်​တို့​ထံ​သို့​လာ​လျှင်၊ သူ့​ကို သင့်​အိမ်၌ လက်​မ​ခံ​နှင့်။ မင်္ဂ​လာ​ရှိ​စေ​သော​ဟု နှုတ်​မ​ဆက်​နှင့်။-

သင်​သည် မ​တ​ရား​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​ကို​လည်း​ကောင်း၊ တ​မန်​တော်​မ​ဟုတ်​ဘဲ၊ တ​မန်​တော် ဖြစ်​ယောင်​ဆောင်​သော​သူ​တို့​ကို စစ်​ဆေး၍ လှည့်​ဖြား​သော​သူ​ဖြစ်​သည်​ဟု သိ​ကြောင်း​ကို​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ