Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 19:23

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​နှင့် ဆိုင်​သည်​ဖြစ်၍ ထို​သ​ဘော​ရှိ​သော​သူ​သည် အ​လို​ဆ​န္ဒ​ပြည့်​စုံ​လျက်​ရှိ၍၊ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​မူ​ကား၊ ကြောက်​ရွံ့​သော သူ​တို့​အ​ပေါ်​သို့ ကာ​လ​အ​စဉ်​အ​ဆက် သက်​ရောက်​တတ်၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း​သ​ဘော​သည် သန့်​ရှင်း​သည်​ဖြစ်၍၊ ကာ​လ​အ​စဉ်​အ​မြဲ​တည်၏။ ထာ​ဝ​ရ​ဘု​ရား၏ စီ​ရင်​တော်​မူ​ချက်​တို့​သည် သ​စ္စာ​တ​ရား​နှင့်​ညီ၍၊ တ​ညီ​တ​ညွတ်​တည်း ဖြောင့်​မတ်​ကြ၏။

ထို​သူ​သည် ကိုယ်​တိုင်​ကောင်း​မွန်​စွာ​ကျိန်း​ဝပ်၍၊ သူ၏​အ​မျိုး​အ​နွယ်​သည်​လည်း ပြည်​တော်​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။

ငါ​တို့​ပြည်၌ ဘုန်း​တော်​ကျိန်း​ဝပ်​မည်​အ​ကြောင်း၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​သည်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၏​အ​နီး​သို့ ဧ​ကန်​အ​မှန် ရောက်​လေ​ပြီ။

အ​ကျွန်ုပ်​တို့​ကို က​ရု​ဏာ​တော်​နှင့် အ​လျင်​အ​မြန် ရောင့်​ရဲ​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် တစ်​သက်​လုံး ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​လိမ့်​မည်။

သင်၌ မ​ကောင်း​သော​အ​နိဌာ​ရုံ မ​ကပ်​မ​ရောက်။ သင့်​နေ​ရာ​သို့ ဘေး​ဥ​ပဒ်​မ​ချဉ်း​ရ။

ရှည်​သော​အ​သက်​နှင့် သူ့​ကို​ရောင့်​ရဲ​စေ၍၊ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို သူ့​အား​ပြ​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​တာ​ကို ရှည်​စေ​တတ်၏။ မ​တ​ရား​သော​သူ၏ နှစ်​ပေါင်း​ကာ​လ​မူ​ကား တို​တတ်၏။

ဖြောင့်​မတ်​ခြင်း​တ​ရား​သည် အ​သက်​ရှင်​ခြင်း​နှင့် ဆိုင်​သ​ကဲ့​သို့၊ ဒု​စ​ရိုက်​ကို လိုက်​ရှာ​သော​သူ​သည်​လည်း၊ မိ​မိ​သေ​ခြင်း​တိုင်​အောင် လိုက်​ရှာ​တတ်၏။

တ​ရား​သော​သူ၌ အ​မင်္ဂ​လာ မ​ရောက်​ရာ။ မ​တ​ရား​သော​သူ​မူ​ကား၊ အ​မင်္ဂ​လာ​နှင့် ပြ​ည့်​ဝ​ရ​လိမ့်​မည်။

လူ​သည် စေ​တ​နာ​ရှိ​လျှင် ကျေး​ဇူး​ပြု​ရာ​ရောက်၏။ ဆင်း​ရဲ​သော​သူ​သည်​လည်း၊ မု​သား​သုံး​သော​သူ​ထက် သာ၍​ကောင်း၏။

စိတ်​နှိမ့်​ချ​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​ကျေး​ဇူး​ကြောင့် စည်း​စိမ်၊ ဂုဏ်​အ​သ​ရေ၊ အ​သက်​ကို ရ​တတ်၏။

အိပ်​သော​အ​ခါ ကြောက်​စ​ရာ​မ​ရှိ​ရ။ ကောင်း​မွန်​စွာ​အိပ်​ပျော်​ရ​လိမ့်​မည်။

ငါ၏​နာ​မ​တော်​ကို ကြောက်​ရွံ့​သော​သင်​တို့၌​ကား၊ တ​ရား​တော်​နေ​မင်း​သည် အ​နာ​ပျောက်​စေ​သော အ​တောင်​တို့​နှင့် ပေါ်​ထွန်း​တော်​မူ​မည်။ သင်​တို့​သည် ထွက်​သွား၍ တင်း​ကုပ်၌ နွား​သ​ငယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာ​ငတ်​ခင်​မွတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။

ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တည်း​ဟူ​သော ကြံ​စည်​တော်​မူ​ခြင်း​အ​တိုင်း ခေါ်​တော်​မူ​သော​သူ​တို့၏​အ​ကျိုး​ကို ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပြု​စု​ကြ​သည်​ကို ငါ​တို့​သိ​ကြ၏။-

ကိုယ်​ကာ​ယ​ကို​ဆုံး​မ​ခြင်း​သည် များ​စွာ​သော အ​ကျိုး​ကို မ​ပေး​တတ်။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​မူ​ကား၊ ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့် စပ်​ဆိုင်​သော​က​တိ​တော်​ကို ရ​သည်​ဖြစ်၍၊-

ထို​မျှ​မ​က၊ သ​ခင်​ဘု​ရား​သည် မ​ကောင်း​သော အ​မှု​ရှိ​သ​မျှ​တို့မှ ငါ့​ကို​ကယ်​နုတ်၍၊ မိ​မိ​ကောင်း​ကင်​နိုင်​ငံ​တော်​သို့ တိုင်​အောင် မ​စ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်။ ထို​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ