Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 19:22

Judson Bible

လူ​သည် စေ​တ​နာ​ရှိ​လျှင် ကျေး​ဇူး​ပြု​ရာ​ရောက်၏။ ဆင်း​ရဲ​သော​သူ​သည်​လည်း၊ မု​သား​သုံး​သော​သူ​ထက် သာ၍​ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​ကို​တည်​ဆောက်​ခြင်း​ငှာ အ​ကြံ​ရှိ​သော​ကြောင့်၊ ကောင်း​သော​အ​မှု​ကို ပြု​ပြီ။

အ​ကြင်​သူ​သည် ဥ​စ္စာ​ကို​လု​ယူ​အံ့​သော​ငှာ အ​ဆွေ​ခင်​ပွန်း​ကို​အပ်၏။ ထို​သူ၏​သား​တို့​သည် မျှော်​လင့်၍ စိတ်​ပျက်​ရ​ကြ​လိမ့်​မည်။

ငါ့​ညီ​အစ်​ကို​တို့​သည် ချောင်း​ရေ​ကဲ့​သို့ လှည့်​စား၍၊ ချိုင့်၌​စီး​သော​ရေ​ကဲ့​သို့ ရွေ့​သွား​ကွယ်​ပျောက် တတ်​ကြ၏။

အ​ကယ်​စင်​စစ် ယုတ်​ညံ့​သော​သူ​တို့​သည် အ​န​တ္တ၊ အ​သ​ရေ​ရှိ​သော​သူ​တို့​သည် မု​သား​ဖြစ်​ကြ၏။ ချိန်​ခွင်​နှင့် ချိန်​စက်​လျှင် ထို​သူ​အ​ပေါင်း​တို့​သည် အ​န​တ္တ​ထက်​သာ၍​ပေါ့​ကြ၏။

ကောက်​လိမ်​သော စ​ကား​ကို သုံး​တတ်​သော​လူ​မိုက်​ထက်၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော ဆင်း​ရဲ​သူ​သည် သာ၍​ကောင်း၏။

လူ​သည် အ​ထူး​ထူး အ​ပြား​ပြား ကြံ​စည်​တတ်၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ကြံ​တော်​သည် တည်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​နှင့် ဆိုင်​သည်​ဖြစ်၍ ထို​သ​ဘော​ရှိ​သော​သူ​သည် အ​လို​ဆ​န္ဒ​ပြည့်​စုံ​လျက်​ရှိ၍၊ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ