Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 19:20

Judson Bible

နောက်​ဆုံး​ကာ​လ၌ ပ​ညာ​ရှိ​ဖြစ်​လို​သော​ငှာ၊ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်၍ နည်း​ဥ​ပ​ဒေ​ကို ခံ​ယူ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

စုံ​လင်​ခြင်း​တ​ရား​ကို စောင့်​ရှောက်​လော့။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကြည့်​ရှု​ဆင်​ခြင်​လော့။ ထို​သို့​ပြု​သော​သူ​သည် အ​ဆုံး၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ရ​လိမ့်​မည်။

အ​ကျွန်ုပ်​တို့​သည် ပ​ညာ​တ​ရား​ကို နှ​လုံး​သွင်း​မိ​မည်​အ​ကြောင်း၊ ကိုယ်​နေ့​ရက်​ကာ​လ​ကို ရေ​တွက်​နိုင်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ​ပါ။

အ​ကျွန်ုပ်​တို့​ကို က​ရု​ဏာ​တော်​နှင့် အ​လျင်​အ​မြန် ရောင့်​ရဲ​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် တစ်​သက်​လုံး ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​လိမ့်​မည်။

ငါ့​သား၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်​လော့။ အ​မိ၏​တ​ရား​ကို​လည်း မ​ပယ်​နှင့်။

မိုက်​သော​သူ​သည် မိ​မိ​ပြု​သော​အ​မှု​ကို မှန်​သည်​ဟု ထင်​တတ်၏။ အ​ကြံ​ပေး​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

မာ​န​ကြောင့်​သာ ရန်​တွေ့​ခြင်း​ဖြစ်၏။ သ​တိ​ပေး​သော​စ​ကား​ကို နား​ခံ​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

ဆုံး​မ​ခြင်း​စ​ကား​ကို​ပယ်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို မ​ထီ​မဲ့​မြင်​ပြု​ရာ​သို့ ရောက်၏။ နား​ထောင်​သော​သူ​မူ​ကား၊ ဉာဏ်​ကို​ရ​တတ်၏။

ဒေါ​သ​အ​မျက်​ကြီး​သော​သူ​သည် အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်။ သူ့​ကို​ကယ်​နုတ်​လျှင် အ​ဖန်​ဖန် ကယ်​နုတ်​ရ​မည်။

ငါ့​သား​တို့၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်၍၊ ဉာဏ်​သ​ဘော​ကို နား​လည်​ခြင်း​ငှာ စေ့​စေ့​မှတ်​ကြ​လော့။

အ​ကြံ​ပေး​နိုင်​သော​အ​ခွင့်​နှင့် ပ​ညာ​ရ​တ​နာ​သည် ငါ၌​ရှိ၏။ ငါ​သည် ဉာဏ်​ဖြစ်၍ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၏။

ငါ​ဆုံး​မ​ခြင်း​ကို မ​ပယ်​ကြ​နှင့်။ နား​ထောင်၍ ပ​ညာ​ရှိ​ကြ​လော့။

အို ယေ​ရု​ရှ​လင်​မြို့၊ ဆုံး​မ​ခြင်း​ကို​ခံ​လော့။ သို့​မ​ဟုတ်၊ သင့်​ကို​ငါ​ရွံ​ရှာ​မည်။ သင့်​ကို​ပယ်​ရှင်း၍ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။

ထို​အ​ခါ ငါ​က၊ အ​ကယ်​စင်​စစ် ဤ​မျှ​လောက်​ငါ​ဆုံး​မ​ပြီး​မှ သင်​သည် ကိုယ်​နေ​ရာ​ကို မ​ပယ်​ရှင်း​စေ​ခြင်း​ငှာ၊ ငါ့​ကို​ကြောက်​ရွံ့၍ နည်း​ခံ​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ သူ​တို့​သည် ကြိုး​စား၍ မှား​ယွင်း​သော​အ​ကျင့်​ကို​သာ ကျင့်​ကြ၏။

ယာ​ကုပ်​အ​မျိုး​မြေ​မှုန့်​ကို အ​ဘယ်​သူ​ရေ​တွက်​နိုင်​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​လေး​စု​တစ်​စု​ကို​မျှ အ​ဘယ်​သူ​ရေ​တွက်​နိုင်​သ​နည်း။ ဖြောင့်​မတ်​သော​သူ​သေ​သ​ကဲ့​သို့ ငါ​သေ​ပါ​စေ​သော။ ငါ့​အ​ဆုံး​သည် သူ၏​အ​ဆုံး​ကဲ့​သို့ ဖြစ်​ပါ​စေ​သော​ဟု မြွက်​ဆို၏။

ပ​ညာ​ကို​ရ၍ ဤ​အ​မှု​ကို နား​လည်​ကြ​ပါ​စေ​သော။ နောက်​ဆုံး​ကာ​လ၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို ဆင်​ခြင်​ကြ​ပါ​စေ​သော​ဟု မိန့်​တော်​မူ၏။

သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ နောက်​ဆုံး၌​ကျေး​ဇူး​ပြု​လို​သော​ငှာ၊ သင်၏ ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် တော၌​ကျွေး​မွေး​တော်​မူ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ