ဒေါသအမျက်ကြီးသောသူသည် အပြစ်ဒဏ်ကို ခံရလိမ့်မည်။ သူ့ကိုကယ်နုတ်လျှင် အဖန်ဖန် ကယ်နုတ်ရမည်။
ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်း ငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။
မျှော်လင့်စရာရှိစဉ်အခါ၊ ကိုယ်သားကို ဆုံးမလော့။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ် မရှိစေနှင့်။
နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှာ၊ ဆုံးမသောစကားကို နားထောင်၍ နည်းဥပဒေကို ခံယူလော့။
ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့် တူ၏။
စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော်တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူးများတတ်၏။