Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 19:16

Judson Bible

ပ​ညတ်​တ​ရား​ကို စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​ရာ​ရောက်၏။ မိ​မိ​သွား​ရာ​လမ်း​တို့​ကို မ​ထီ​လေး​စား ပြု​သော​သူ​မူ​ကား၊ အ​သေ​ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ဒေါ​သ​သည် လူ​မိုက်​ကို​ဖျက်​ဆီး​တတ်၏။ ပ​ညာ​မ​ရှိ​သော သူ​သည်​လည်း ငြူ​စူ​သော​သ​ဘော​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​တတ်၏။

သ​စ္စာ​တော်​ကို​စောင့်၍ ပ​ညတ်​တော်​တို့​ကို​ကျင့်​ခြင်း​ငှာ၊ သ​တိ​ပြု​သော​သူ​တို့၏ သား​စဉ်​မြေး​ဆက်​တို့​သည် ကု​သ​လ​တ​ရား​တော်​နှင့် ဆိုင်​ရ​ကြ၏။

နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် ပျက်​စီး​လိမ့်​မည်။ ပ​ညတ်​တ​ရား​တော်​ကို ခန့်​ညား​သော​သူ​မူ​ကား၊ ချမ်း​သာ​ရ​လိမ့်​မည်။

ဆုံး​မ​ခြင်း​စ​ကား​ကို​ပယ်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို မ​ထီ​မဲ့​မြင်​ပြု​ရာ​သို့ ရောက်၏။ နား​ထောင်​သော​သူ​မူ​ကား၊ ဉာဏ်​ကို​ရ​တတ်၏။

ဖြောင့်​မတ်​သော​သူ​လိုက်​သော​လမ်း​မူ​ကား၊ ဒု​စ​ရိုက်​ကို ရှောင်​ခြင်း​တည်း။ ထို​လမ်း​မှ​မ​လွှဲ​ဘဲ အ​မြဲ​လိုက်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​တတ်၏။

ဉာဏ်​ပ​ညာ​လမ်း​မှ လွှဲ​သွား​သော​သူ​သည် သင်္ချိုင်း​သား​အ​စု​အ​ဝေး၌ နေ​ရာ​ကျ​လိမ့်​မည်။

မိ​မိ​နှုတ်​နှင့်​လျှာ​ကို စောင့်​သော​သူ​သည် မိ​မိ​စိတ်​ဝိ​ညာဉ်​ကို ဒု​က္ခ​နှင့်​လွတ်​စေ​ခြင်း​ငှာ စောင့်​ရာ​ရောက်၏။

သ​ဘော​ကောက်​သော​လူ​သွား​ရာ​လမ်း၌၊ ဆူး​ပင်​များ​နှင့် ကျော့​ကွင်း​များ ရှိ​တတ်၏။ မိ​မိ​စိတ်​ဝိ​ညာဉ်​ကို စောင့်​ရှောက်​သော​သူ​မူ​ကား ဝေး​စွာ​ရှောင်​သွား​လိမ့်​မည်။

ဗျာ​ဒိတ်​တော်​မ​ရှိ​လျှင်၊ လူ​တို့​သည် အ​ကျိုး​နည်း ဖြစ်​ကြ၏။ တ​ရား​တော်​ကို​စောင့်​သော​သူ​မူ​ကား မင်္ဂ​လာ​ရှိ၏။

ငါ့​သား၊ ငါ​ပေး​သော​တ​ရား​ကို မ​မေ့​နှင့်။ ငါ့​ပ​ညတ်​တို့​ကို သင်၏​နှ​လုံး​စောင့်​ရှောက်​ပါ​စေ။

အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့။ ဤ​ရွေ့​ကား၊ လူ​နှင့်​ဆိုင်​သော အ​မှု​အ​ရာ​အ​လုံး​အ​စုံ​တို့​ကို ချုပ်​ခြာ​သ​တည်း။

အ​မိန့်​တော်​ကို​စောင့်​သော​သူ​သည် ရာ​ဇ​ဝတ်​နှင့် လွတ်​လိမ့်​မည်။ ပ​ညာ​ရှိ​သော​သူ၏ စိတ်​နှ​လုံး​သည်​လည်း၊ ကာ​လ​အ​ချိန်​ကို​လည်း​ကောင်း၊ စီ​ရင်​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း သိ​မြင်​တတ်၏။

ငါ​မှာ​ထား​သော​အ​ရာ​ဟူ​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်၊ ငါ​သည်​သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ သင်​တို့​သည်​လည်း၊ ငါ၏​လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ကိုယ်​အ​ကျိုး​ကို​စောင့်​လို​သော​ငှာ၊ ငါ​စီ​ရင်​သ​မျှ​သော​တ​ရား​လမ်း​သို့ လိုက်​ရ​ကြ​မည်​ဟု မှာ​ထား​၏။

တံ​ပိုး​မှုတ်​သံ​ကို​ကြား၍ အ​မှု​မ​ထား​သော​ကြောင့်၊ ကိုယ်​အ​သက်​ဆုံး​သော​အ​ပြစ်​ကို ကိုယ်​တိုင်​ခံ​ရ​မည်။ အ​မှု​ထား​သော​သူ​မူ​ကား၊ ကိုယ်​အ​သက်​ကို ကယ်​တင်​လိမ့်​မည်။

လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။-

ကိုယ်​တော်​က​လည်း၊ သင်၏​စ​ကား​သည် မှန်​ပေ၏။ ထို​သို့​ပြု​လျှင် အ​သက်​ကို​ရ​မည်​ဟု မိန့်​တော်​မူ၏။-

ကိုယ်​တော်​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ၍ ကျင့်​စောင့်​သော​သူ​သည် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။ ငါ​သည် ခ​မည်း​တော်​ကို​တောင်း၍၊-

အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် အ​ကျိုး​မ​ရှိ။ မ​ခံ​ဘဲ​နေ​ခြင်း​အား​ဖြင့်​လည်း အ​ကျိုး​မ​ရှိ။ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခြင်း​အား​ဖြင့်​သာ အ​ကျိုး​ရှိ၏။-

ငါ​တို့​သည် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်၍၊ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​တို့​ကို ကျင့်​သော​ကြောင့်၊ ဆု​တောင်း​သ​မျှ​တို့​ကို ဘု​ရား​သ​ခင့် ထံ​တော်​မှ​ရ​ကြ၏။-

ပ​ညတ်​တော်​တို့​ကို စောင့်​ခြင်း​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို ချစ်​ရာ​ရောက်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ခဲ​သည်​မ​ဟုတ်။-

အ​သက်​ပင်​နှင့်​ဆိုင်၍၊ မြို့​တံ​ခါး​အ​တွင်း​သို့ ဝင်​အံ့​သော​ငှာ ပ​ညတ်​တော်​တို့​ကို ကျင့်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ