Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 19:15

Judson Bible

ပျင်း​ရိ​သော​သ​ဘော​သည် လွန်​ကျူး​စွာ အိပ်​ပျော်​စေ၍၊ ပျင်း​ရိ​သော​သူ​သည် အ​ငတ်​ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​လုပ်​လုပ်​သော​အ​ခါ ပျင်း​ရိ​သော​သူ​သည်၊ မိ​မိ​ဥ​စ္စာ​ကို အ​ချည်း​နှီး​ကုန်​စေ​သော​သူ​နှင့် ညီ​အစ်​ကို​တော်​ပေ၏။

ပျင်း​ရိ​သော​သူ​သည် မိ​မိ​လက်​ကို အိုး၌​သွင်း​သော်​လည်း တစ်​ဖန်​နုတ်၍ မိ​မိ​ပါး​စပ်​သို့ မ​ခွံ့​လို။

ဆင်း​ရဲ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဖြစ်၍၊ အိပ်​ခြင်း​ကို မ​တပ်​မက်​နှင့်။ နိုး​တတ်​လျှင် ဝ​စွာ​စား​ရ၏။

ပျင်း​ရိ​သော​သူ​က၊ အိမ်​ပြင်​မှာ ခြင်္သေ့​ရှိ၏။ လမ်း​သို့​ထွက်​လျှင် ငါ​သေ​လိမ့်​မည်​ဟု ဆို​တတ်၏။

သောက်​ကြူး​သော​သူ​နှင့် စား​ကြူး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​လိမ့်​မည်။ အိပ်​ကြူး​သော​သ​ဘော​သည် လူ​ကို အ​ဝတ်​စုတ်​နှင့် ခြုံ​တတ်၏။

ခ​ဏ​အိပ်​လျက်၊ ခ​ဏ​ပျော်​လျက်၊ အိပ်​ပျော်​ခြင်း​ငှာ၊ ခ​ဏ​လက်​ချင်း​ပိုက်​လျက်​နေ​စဉ်​တွင်၊

အိမ်​သူ​အိမ်​သား ပြု​မူ​သ​မျှ​တို့​ကို ကြည့်​ရှု​တတ်၏။ ပျင်း​ရိ​ခြင်း​အ​စာ​ကို မ​စား​တတ်၊

ဆင်း​ရဲ​ခြင်း​သည် ခ​ရီး​သွား​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ဥ​စ္စာ​ပြုန်း​တီး​ခြင်း​သည် သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ​လိမ့်​မည်။

သူ၏​ကင်း​စောင့်​တို့​သည် မျက်​စိ​ကန်း​ကြ၏။ ရှိ​သ​မျှ​တို့​သည် မိုက်​ကြ၏။ အ၍ မ​ဟောင်​နိုင်​သော​ခွေး၊ ယောင်​ယမ်း​သော​ခွေး၊ အိပ်​လျက် အိပ်​ချင်​အား​ကြီး​သော​ခွေး ဖြစ်​ကြ၏။

ထို​ကြောင့် အိပ်​ပျော်​သော​သူ​နိုး​လော့။ သေ​ခြင်း​မှ ထ​မြောက်​လော့။ သို့​ပြု​လျှင် ခ​ရစ်​တော်​သည် အ​လင်း​ကို သင့်​အား ပေး​တော်​မူ​မည်​ဟု ဆို​သ​တည်း။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​နှင့်​အ​တူ​ရှိ​နေ​စဉ်​အ​ခါ၊ အ​လုပ်​မ​လုပ်​ချင်​သော​သူ​မည်​သည်​ကား၊ အ​စာ​ကို​လည်း မ​စား​စေ​နှင့်​ဟု ပ​ညတ်​ထား​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ