Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 19:1

Judson Bible

ကောက်​လိမ်​သော စ​ကား​ကို သုံး​တတ်​သော​လူ​မိုက်​ထက်၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော ဆင်း​ရဲ​သူ​သည် သာ၍​ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​မူ​ကား၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်​ပါ၏။ အ​ကျွန်ုပ်​ကို ရွေး​နုတ်၍ ကယ်​မ​သ​နား​တော်​မူ​ပါ။

သူ​သည် အ​စဉ်​သ​နား​သော​စိတ်​ရှိ​သည်​နှင့်၊ သူ​တစ်​ပါး​တို့​အား ချေး​ငှား​တတ်​သည်​ဖြစ်၍၊ သူ၏​သား​မြေး​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ၏။

ဖြောင့်​မတ်​သော​သူ​သည် အိမ်​နီး​ချင်း​ကို လမ်း​ပြ​တတ်၏။ မ​တ​ရား​သော​သူ​လိုက်​သော​လမ်း​မူ​ကား၊ သူ့​ကို​ပင် လှည့်​စား​တတ်၏။

ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​တတ်၏။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ မ​ထီ​မဲ့​မြင်​ပြု​တတ်၏။

နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၍ ကြီး​စွာ​သော​စည်း​စိမ်​ထက် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​နှင့်​ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည် သာ၍​ကောင်း၏။

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​နှင့် ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည်၊ မ​တ​ရား​သ​ဖြင့်​ရ​သော ဥ​စ္စာ​အ​များ​ထက်​သာ၍​ကောင်း၏။

လူ​သည် စေ​တ​နာ​ရှိ​လျှင် ကျေး​ဇူး​ပြု​ရာ​ရောက်၏။ ဆင်း​ရဲ​သော​သူ​သည်​လည်း၊ မု​သား​သုံး​သော​သူ​ထက် သာ၍​ကောင်း၏။

ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်၍၊ သူ၏​သား​စဉ်​မြေး​ဆက်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

မ​မှန်​သော​အ​မှု​ကို ပြု​သော​သူ​သည် ငွေ​ရ​တတ်​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်​သော ဆင်း​ရဲ​သား​သည် သာ၍​မြတ်၏။

ကောက်​သော​စ​ကား​တို့​ကို​လည်း​ကောင်း၊ ငြင်း​ဆန်​တတ်​သော​နှုတ်​ခမ်း​တို့​ကို​လည်း​ကောင်း ဝေး​စွာ​ပယ်​ရှောင်​လော့။

သင်​တို့​လက်​သည် အ​သွေး​နှင့်​လည်း​ကောင်း၊ လက်​ချောင်း​တို့​သည် ဒု​စ​ရိုက်​နှင့်​လည်း​ကောင်း ညစ်​ညူး​ကြ၏။ သင်​တို့​သည် နှုတ်​ခမ်း​နှင့် လျှာ​အား​ဖြင့် မု​သား​စ​ကား၊ အ​ဓ​မ္မ​စ​ကား​ကို ပြော​တတ်​ကြ၏။

လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။-

သို့​ဖြစ်၍ သ​ခင်​မ​သည် အ​ဘယ်​သို့​ပြု​သင့်​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ပါ​တော့။ အ​ကျွန်ုပ်​တို့​သ​ခင်​နှင့် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့၌ ဘေး​ပြု​မည်​ဟု စီ​ရင်​ပါ​ပြီ။ သ​ခင်​သည် အ​ဓ​မ္မ​လူ​ဖြစ်​သော​ကြောင့်၊ အ​ဘယ်​သူ​မှ၊ မ​ပြော​မ​လျှောက်​ဝံ့​ပါ​ဟု ဆို​လေ​သော်၊

ကိုယ်​တော်၏​ကျွန်​မ​စ​ကား​ကို နား​ညောင်း​တော်​မူ​ပါ။ ထို​အ​ဓ​မ္မ​လူ နာ​ဗ​လ​ကို ကျွန်​မ​သ​ခင် မှတ်​တော်​မ​မူ​ပါ​နှင့်။ သူ၏​အ​မည်​သည် သူ၏​သ​ဘော​နှင့် ညီ​ညွတ်​ပါ၏။ သူ၏​အ​မည်​ကား နာ​ဗ​လ။ သူ၏​သ​ဘော​ကား မိုက်​ခြင်း​ဖြစ်​သ​တည်း။ သ​ခင်​စေ​လွှတ်​တော်​မူ​သော လု​လင်​တို့​ကို ကိုယ်​တော်​ကျွန်​မ​သည် မ​မြင်​ရ​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ