Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 18:24

Judson Bible

အ​ပေါင်း​အ​ဖော်​များ​သော​သူ​သည် အ​ကျိုး​နည်း​ရှိ​တတ်၏။ မိတ်​ဆွေ​မူ​ကား၊ ညီ​အစ်​ကို​စွဲ​ကပ်​သည်​ထက် သာ၍ စွဲ​ကပ်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငါ့​ညီ​ယော​န​သန်၊ သင့်​ကြောင့် ငါ​ညှိုး​ငယ်​ခြင်း​ရှိ၏။ သင်​သည် ငါ့​မိတ်​ဆွေ​ကြီး​ဖြစ်၍၊ ငါ့​ကို​ချစ်​သော​မေ​တ္တာ​သည် အံ့​ဩ​ဖွယ်​သော​မေ​တ္တာ၊ မိန်း​မ​ကို ချစ်​တတ်​သော မေ​တ္တာ​ထက်​သာ၍ အား​ကြီး​သော​မေ​တ္တာ​ဖြစ်၏။

အိ​တ္တဲ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ အ​ရှင်​မင်း​ကြီး​အ​သက် ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်၍ အ​ရှင်​မင်း​ကြီး အ​သက်​တော်​ဆုံး​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည်​ဖြစ်​စေ၊ ရှိ​တော်​မူ​ရာ​အ​ရပ်၌ ကိုယ်​တော်​ကျွန်​ရှိ​ပါ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​အား ပြန်​လျှောက်​သော်၊

အ​ဗ​ရှ​လုံ​က​လည်း၊ သင်၏​အ​ဆွေ​ခင်​ပွန်း၌ ဤ​သို့​ကျေး​ဇူး​ပြု​သ​လော။ သင်၏​အ​ဆွေ​ခင်​ပွန်း​နှင့်​အ​တူ အ​ဘယ်​ကြောင့် မ​လိုက်​သ​နည်း​ဟု ဟု​ရှဲ​အား​ဆို​လျှင်၊

သို့​သော်​လည်း ဒါ​ဝိဒ်​နှင့်​ရှော​လု၏​သား​ယော​န​သန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​ယောက်​နှင့်​တစ်​ယောက် သ​စ္စာ​က​တိ​ထား​သော​ကြောင့်၊ ရှင်​ဘု​ရင်​သည် ရှော​လု၏​သား​ယော​န​သန်​မြင်​သော မေ​ဖိ​ဗော​ရှက်​ကို နှ​မြော​တော်​မူ၏။

အ​ဆွေ​ခင်​ပွန်း​သည် အ​ခါ​ခပ်​သိမ်း​ချစ်​တတ်၏။ ညီ​အစ်​ကို​သည် ဒု​က္ခ​ကာ​လ​အ​ဖို့ မွေး​ဖွား​လျက်​ရှိ၏။

ကိုယ်​အ​ဆွေ​ခင်​ပွန်း​နှင့် အ​ဘ၏​အ​ဆွေ​ခင်​ပွန်း​ကို မ​စွန့်​နှင့်။ အ​မှု​ရောက်​သော​ကာ​လ၌၊ ညီ​အစ်​ကို​အိမ်​သို့​မ​သွား​နှင့်။ နီး​သော​အိမ်​နီး​ချင်း​သည် ဝေး​သော​ညီ​အစ်​ကို​ထက် သာ၍​ကောင်း၏။

နံ့​သာ​ဆီ​နှင့် နံ့​သာ​ရည်​သည် ရွှင်​လန်း​စေ​သ​ကဲ့​သို့၊ ကြည်​ညို​သော​စိတ်​နှင့် အ​ကြံ​ပေး​တတ်​သော အ​ဆွေ​ခင်​ပွန်း၏ ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​သည် ရွှင်​လန်း​စေ​တတ်၏။

ထို​သို့​လျှောက်​ပြီး​သည်​နောက်၊ ရှော​လု၏​သား ယော​န​သန် စိတ်​နှ​လုံး​သည် ဒါ​ဝိဒ်​စိတ်​နှ​လုံး​နှင့် စွဲ​ကပ်​လျက်​ရှိ၍ ဒါ​ဝိဒ်​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လေ၏။

ယော​န​သန်​သည်​လည်း၊ ဒါ​ဝိဒ်​ကို ကိုယ်​နှင့်​အ​မျှ ချစ်​သော​ကြောင့် သူ​နှင့်​အ​တူ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ