Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 17:9

Judson Bible

သူ​တစ်​ပါး​ပြစ်​မှား​သော အ​မှု​ကို ဝှက်​ထား​သော​သူ​သည် မေ​တ္တာ​ကို ပြု​စု၏။ ကြား​ပြော​သော​သူ​မူ​ကား၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အ​ပြစ်​မှ​လွှတ်​ခြင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

မုန်း​သော​စိတ်​သည် ရန်​တွေ့​ရာ​သို့ တိုက်​တွန်း​တတ်၏။ ချစ်​သော​စိတ်​မူ​ကား၊ ခပ်​သိမ်း​သော​အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။

သ​ဘော​ကောက်​သော​သူ​သည် ရန်​မျိုး​စေ့​ကို ကြဲ​တတ်၏။ ကုန်း​တိုက်​သော​သူ​သည်​လည်း၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ​တတ်၏။

မိုက်​သော​သူ​သည် ဒဏ်​ချက်​တစ်​ရာ​ကို အ​မှု​ထား​သည်​ထက်၊ ပ​ညာ​ရှိ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို သာ၍ အ​မှု​ထား​တတ်၏။

မေ​တ္တာ​သည် စိတ်​ရှည်​တတ်၏။ ကျေး​ဇူး​ပြု​တတ်၏။ မေ​တ္တာ​သည် ဂုဏ်​ပြိုင်​ခြင်း​မ​ရှိ၊ ဝါ​ကြွား​ခြင်း​မ​ရှိ၊ မာန်​မာ​န​မ​ရှိ။-

အ​ပြစ်​ရှိ​သော​သူ​ကို မှား​ယွင်း​သော​လမ်း​မှ ပြန်​စေ​သော​သူ​သည်၊ ဝိ​ညာဉ်​ကို သေ​ခြင်း​မှ​ကယ်​တင်၍ များ​စွာ​သော​အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်​သည်​ဟု ထို​သူ​သည် သိ​မှတ်​စေ။ ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ​ပြီး၏။

အ​ခြား​သော​အ​မှု​အ​ရာ​ထက်​မ​က၊ အ​ချင်း​ချင်း​အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ​ရှိ​ကြ​လော့။ ချစ်​ခြင်း​မေ​တ္တာ​သည် များ​စွာ​သော အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ