မိုက်သောသူသည် ဒဏ်ချက်တစ်ရာကို အမှုထားသည်ထက်၊ ပညာရှိသောသူသည် ဆုံးမသောစကားကို သာ၍ အမှုထားတတ်၏။
ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော၊ အကျွန်ုပ်ဦးခေါင်းကို လိမ်းသောဆီဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ်မငြင်းပါ။ ယခုမူကား၊ သူတစ်ပါးပြုသော အဓမ္မအမှုတစ်ဖက်၌ ဆုတောင်းရပါ၏။
ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်းကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။
မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့မြင်ပြုတတ်၏။ ဆုံးမသောစကားကို နားထောင်သောသူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။
ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့် ကြမ်းကြုတ်သောတမန်ကို သူ့ဆီသို့စေလွှတ်ရ၏။
သူတစ်ပါးပြစ်မှားသော အမှုကို ဝှက်ထားသောသူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။
မထီမဲ့မြင်ပြုသောသူကိုရိုက်လျှင် ဉာဏ်တိမ်သောသူသည် သတိရလိမ့်မည်။ ဉာဏ်ကောင်းသောသူကို ဆုံးမလျှင်၊ သူသည် ပညာတရားကို နားလည်လိမ့်မည်။
မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်းသော်လည်း၊ မိုက်သောသဘော မထွက်တတ်။
စကားအားဖြင့်သာ ကျွန်ကိုဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲနေလိမ့်မည်။
ငါချစ်သမျှသော သူတို့၏အပြစ်ကို ငါစစ်ဆေး၍ သူတို့ကိုဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။-