Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 16:29

Judson Bible

ကြမ်း​ကြုတ်​သော​သူ​သည် အိမ်​နီး​ချင်း​ကို​ချော့​မော့၍၊ မ​ကောင်း​သော​လမ်း​ထဲ​သို့ သွေး​ဆောင်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ငါ့​ကို ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း ရှိ​စေ​လျက်၊ ငါ​ကြောက်၍ ထို​သို့​ပြု​သ​ဖြင့်၊ ပြစ်​မှား​စေ​ခြင်း​ငှာ ထို​သူ​ကို ငှား​ကြ၏။

အ​ဓ​မ္မ​လူ​သည် မိ​မိ​နှုတ်​ဖြင့် မိ​မိ​အိမ်​နီး​ချင်း​ကို​ဖျက်​တတ်၏။ တ​ရား​သော​သူ​မူ​ကား၊ ပ​ညာ​အ​တတ်​အား​ဖြင့် အ​မှု​လွတ်​တတ်၏။

ဖြောင့်​မတ်​သော​သူ​သည် အိမ်​နီး​ချင်း​ကို လမ်း​ပြ​တတ်၏။ မ​တ​ရား​သော​သူ​လိုက်​သော​လမ်း​မူ​ကား၊ သူ့​ကို​ပင် လှည့်​စား​တတ်၏။

သ​ဘော​ကောက်​သော​သူ​သည် ရန်​မျိုး​စေ့​ကို ကြဲ​တတ်၏။ ကုန်း​တိုက်​သော​သူ​သည်​လည်း၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ​တတ်၏။

ကောက်​သော​အ​ကြံ​ကို ကြံ​စည်​ခြင်း​ငှာ​မျက်​စိ​မှိတ်၍၊ နှုတ်​ခမ်း​တို့​ကို လှုပ်​သ​ဖြင့်၊ ဆိုး​ယုတ်​သော​အ​မှု​ကို ပြီး​စီး​တတ်၏။

ညှဉ်း​ဆဲ​တတ်​သော​သူ၏​စည်း​စိမ်​ကို မ​တောင့်​တ​နှင့်။ သူ​လိုက်​သော လမ်း​တစ်​စုံ​တစ်​ခု​ကို​မျှ အ​လို​မ​ရှိ​နှင့်။

သို့​ဖြစ်၍၊ ချစ်​သူ​တို့၊ မ​တ​ရား​သော​သူ​တို့၏ ပ​ရိ​ယာယ်​အား​ဖြင့်၊ သင်​တို့​သည်​လည်း သွေး​ဆောင်​ရာ​သို့ လိုက်၍၊ သင်​တို့​တည်​ကြည်​ခြင်း​မှ မ​ရွေ့​လျော့​မည် အ​ကြောင်း၊ ဤ​အ​ရာ​များ​ကို သိ​နှင့်​ပြီ​ဖြစ်၍၊ ကိုယ်​ကို​ကိုယ် စောင့်​ရှောက်​ကြ​လော့။-

ရှော​လု​သည် သူ့​ကို​စောင့်၍ နံ​နက်​ချိန်၌ သတ်​စေ​ခြင်း​ငှာ သူ့​အိမ်​သို့​လူ​ကို​စေ​လွှတ်၏။ ဒါ​ဝိဒ်​မ​ယား မိ​ခါ​လ​က၊ သင်​သည် ယ​နေ့​ည​မှာ ကိုယ်​အ​သက်​ကို မ​ကယ်​မ​လျှင်၊ နက်​ဖြန်​နေ့၌ အ​သေ​ခံ​ရ​လိမ့်​မည်​ဟု​ဆို​လျက်၊

ရှော​လု​က​လည်း ငါ့​ကို​လှည့်​စား၍ အ​ဘယ်​ကြောင့် ရန်​သူ​ကို လွှတ်​လိုက်​သ​နည်း။ ယ​ခု​လွတ်​အောင် ပြေး​ပါ​ပြီ​တ​ကား​ဟု မိ​ခါ​လ​အား​ပြော​ဆို​လျှင်၊ မိ​ခါ​လ​က ငါ​သွား​မည်။ သို့​မ​ဟုတ် သင့်​ကို​ငါ​သတ်​မည်​ဟု သူ​ပြော​ပါ​သည်​ဟု ရှော​လု​အား ပြန်​လျှောက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ