Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 16:28

Judson Bible

သ​ဘော​ကောက်​သော​သူ​သည် ရန်​မျိုး​စေ့​ကို ကြဲ​တတ်၏။ ကုန်း​တိုက်​သော​သူ​သည်​လည်း၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

မာ​န​ကြီး​သော​သူ​သည် ရန်​ကို​နှိုး​ဆော်​တတ်၏။ သည်း​ခံ​နိုင်​သော​သူ​မူ​ကား ငြိမ်း​တတ်၏။

အ​ဓ​မ္မ​လူ​သည် မ​ကောင်း​သော​အ​မှု​ကို ကြိုး​စား၍ ကြံ​စည်​တတ်၏။ သူ၏​နှုတ်​ခမ်း၌ လောင်​သော​မီး​ကဲ့​သို့ ရှိ၏။

ကြမ်း​ကြုတ်​သော​သူ​သည် အိမ်​နီး​ချင်း​ကို​ချော့​မော့၍၊ မ​ကောင်း​သော​လမ်း​ထဲ​သို့ သွေး​ဆောင်​တတ်၏။

အ​ဆွေ​ခင်​ပွန်း​သည် အ​ခါ​ခပ်​သိမ်း​ချစ်​တတ်၏။ ညီ​အစ်​ကို​သည် ဒု​က္ခ​ကာ​လ​အ​ဖို့ မွေး​ဖွား​လျက်​ရှိ၏။

သူ​တစ်​ပါး​ပြစ်​မှား​သော အ​မှု​ကို ဝှက်​ထား​သော​သူ​သည် မေ​တ္တာ​ကို ပြု​စု၏။ ကြား​ပြော​သော​သူ​မူ​ကား၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ၏။

မိုက်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် ရန်​တွေ့​တတ်၏။ သူ၏​နှုတ်​သည်​လည်း အ​ပြစ်​ဒဏ်​ကို တောင်း​တတ်၏။

ကုန်း​တိုက်​သော​သူ၏​စ​ကား​သည် မြိန်​သော ခဲ​ဖွယ်​စား​ဖွယ်​ကဲ့​သို့​ဖြစ်၍၊ ဝမ်း​အ​တွင်း​သို့ ဝင်​တတ်၏။

စိတ်​ဆိုး​တတ်​သော​သူ​သည် ခိုက်​ရန်​မှု​ကို နှိုး​ဆော်​တတ်၏။ ပြင်း​ထန်​သော​သူ​သည်​လည်း၊ အ​လွန်​အ​ကျူး​များ​တတ်၏။

အ​ကယ်​စင်​စစ် နို့​ကို​မွှေ​လျှင် ထော​ပတ်​ထွက်​တတ်၏။ နှာ​ခေါင်း​ကို​ဆွဲ​လိမ်​လျှင် အ​သွေး​ထွက်​တတ်၏။ ထို​နည်း​တူ၊ ဒေါ​သ​ကို​နှိုး​ဆော်​လျှင် ခိုက်​ရန်​ထွက်​တတ်၏။

ကောက်​သော​စိတ်​သ​ဘော​နှင့် ပြည့်​စုံ၍၊ မ​ကောင်း​သော​အ​ကြံ​ကို အ​စဉ် ကြံ​စည်​တတ်၏။ သူ​တစ်​ပါး​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်၏။

မု​သား​စ​ကား​ကို​ပြော၍ မ​မှန်​သော​သက်​သေ​တစ်​ပါး၊ အ​ပေါင်း​အ​ဖော်​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်​သော​သူ တစ်​ပါး​တည်း။

သူ​တို့​သည်​အ​လုံး​စုံ​သော အ​ဓ​မ္မ​ကျင့်​ခြင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​ခြင်း၊ ဆိုး​ညစ်​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ ရန်​တွေ့​ခြင်း၊ လှည့်​ဖြား​ခြင်း၊ သူ​တစ်​ပါး​ကို မြင်​ပြင်း​ခြင်း​တို့​နှင့် ပြည့်​စုံ​သော​သူ၊ ချော​စား​သော​သူ၊-

ငါ​ရောက်​လာ​သော​အ​ခါ၊ သင်​တို့​သည် ငါ​နှစ်​သက်​သော​သူ မ​ဖြစ်၊ ငါ​သည်​လည်း သင်​တို့ မ​နှစ်​သက်​သော​သူ ဖြစ်​မည်​ဟူ၍​လည်း​ကောင်း၊ သင်​တို့၌ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ ချော​စား​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ အ​ချင်း​ချင်း​အ​မှု​လုပ်​ခြင်း ဖြစ်​မည်​ဟူ​လည်း​ကောင်း၊-

ဒါ​ဝိဒ်​သည် ကိုယ်​တော်၏​အ​ကျိုး​ကို ဖျက်​ခြင်း​ငှာ ရှာ​ကြံ​သည်​ဟု လူ​အ​ချို့​ပြော​သော​စ​ကား​ကို အ​ဘယ်​ကြောင့် နား​ထောင်​တော်​မူ​သ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ