Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 16:23

Judson Bible

ပ​ညာ​ရှိ​သော​သူ၏​နှ​လုံး​သည် သူ၏​နှုတ်​ကို​သွန်​သင်၍၊ သူ၏​နှုတ်​ခမ်း​တို့၌ ပ​ညာ​အ​တတ်​ကို ထပ်​လောင်း​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ပ​ညာ​ရှိ​သော​သူ​သည် လေ​နှင့်​တူ​သော အ​ချည်း​နှီး​စ​ကား​ကို ပြော​သင့်​သ​လော။ မိ​မိ​ဝမ်း​ကို အ​ရှေ့​လေ​နှင့် ပြည့်​စေ​သင့်​သ​လော။

ထို​သူ​တို့​မူ​ကား၊ သင့်​ကို​ဆုံး​မ​သွန်​သင်၍ မိ​မိ​တို့​စိတ်​နှ​လုံး​ထဲ​က မြွက်​ဆို​ကြ​လိမ့်​မည်။

ငါ့​စိတ်​နှ​လုံး​သည် မင်္ဂ​လာ​စ​ကား​နှင့် ပွက်​ထ​လျက်​ရှိ၍၊ ငါ​စီ​ရင်​သော​အ​ရာ​ကို ရှင်​ဘု​ရင်​ရှေ့​တော်၌ မြွက်​ဆို​ပေ​အံ့။ ငါ့​လျှာ​သည်​လည်း လိ​မ္မာ​ကျွမ်း​ကျင်​သော စာ​ရေး၏​က​ညစ်​ဖြစ်​ရ၏။

ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို စိတ်​နှ​လုံး​ထဲ​မှာ ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​မူ​ကား၊ မ​ကောင်း​သော​အ​ရာ​တို့​ကို သွန်း​လောင်း​တတ်၏။

ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ပ​ညာ​အ​တတ်​ကို စွန့်​ကြဲ​တတ်၏။ မိုက်​သော​သူ၏ နှ​လုံး​မူ​ကား ပ​ညာ​မ​ရှိ။

လိ​မ္မာ​သော စိတ်​သ​ဘော​ရှိ​သော​သူ​သည် ပ​ညာ​သ​တိ​ရှိ​သည်​ဟု ကျော်​စော​ရာ​သို့ ရောက်​တတ်၏။ ချို​သော​စ​ကား​ကို ပြော​တတ်​သော နှုတ်​သ​တ္တိ​သည်​လည်း ပ​ညာ​အ​တတ်​ကို တိုး​ပွား​စေ​တတ်၏။

ဉာဏ်​ပ​ညာ​ကို​ရ​သော​သူ​သည် အ​သက်​စမ်း​ရေ​တွင်း​ကို ရ၏။ မိုက်​သော​သူ​တို့၏ သွန်​သင်​ခြင်း​မူ​ကား၊ မိုက်​ခြင်း​ဖြစ်၏။

ခ​ရစ်​တော်၏ နှုတ်​က​ပတ်​တ​ရား​သည် ပ​ညာ​အ​မျိုး​မျိုး​နှင့် သင်​တို့​အ​ထဲ၌ ကြွယ်​ဝ​စွာ တည်​နေ၍ သင်​တို့​သည် ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း​အ​မျိုး​မျိုး​အား​ဖြင့်၊ အ​ချင်း​ချင်း​တို့​ကို ဆုံး​မ​သွန်​သင်​ခြင်း၊ သ​တိ​ပေး​ခြင်း​ကို​ပြု၍၊ နူး​ညွတ်​သော​စိတ်​နှ​လုံး​နှင့် ဘု​ရား​သ​ခင်​ရှေ့​တော်၌ တင့်​တယ်​လျောက်​ပတ်​စွာ သီ​ချင်း​ဆို​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ